SJ WorldNews - шаблон joomla Авто

လစ်ဗျား ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တိုက်ခိုက်မှု ဖြစ်ပွား၊ ၁၄ ဦးသေဆုံး

Thursday, 03 May 2018 09:37 font size decrease font size decrease font size increase font size increase font size

ထရီပိုလီ မေ ၂

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မေ၂ရက်ကစီးနင်း တိုက်ခိုက်သည့် စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှု ဖြစ်ပွား ရာ လူ ၁၄ ဦးထက်မနည်းသေဆုံး ကြောင်းစစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းတိုက်ခိုက်မှုသည် ထရီပိုလီမြို့တော် အနောက်ဘက် ဂေါ့အယ်ရှာအယ်ခရိုင်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ဖြစ်ပွားခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမားနှစ်ဦး အပါအဝင် စစ်ေ သွးကြွအဖွဲ့က ရုံးအဆောက်အအုံကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ေ ကြာင်း စစ်ဘက်မှပြောရေး ဆိုခွင့်ရှိသူ ခါလပ်အိုမာက ဆိုသည်။

စစ်သွေးကြွများသည် ကော်မရှင်ရုံးမှ အစောင့်များကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရုံးအဆောက်အအုံဝင်း အတွင်းသို့ ထပ်မံပစ်ခတ်ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် စစ်သွေးကြွ နှစ်ဦးက ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ကော်မရှင်ရုံး အဆောက်အအုံမှာ မီးလောင်ပြီး အကြီးအကျယ် ပျက်စီးသွားေ ကြာင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။ လစ်ဗျားရွေး ကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမကျင်းပမီ ဆန္ဒမဲပေးသူများ ကို မှတ်ပုံတင်လျက်ရှိပြီး ရွေးကောက်ပွဲ အားယခုနှစ်မကုန်မီ ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောထားသည်ဟု သိရသည်။

Read 77 times Last modified on Thursday, 03 May 2018 09:38