SJ WorldNews - шаблон joomla Авто

အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အင်ဒိုနီးရှားက အထူးပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်ကို ပြန်လည် အသက်သွင်း

Wednesday, 23 May 2018 11:51 font size decrease font size decrease font size increase font size increase font size

ဂျကာတာ မေ ၂၂

အင်ဒိုနီးရှား နိုင်ငံတစ်ဝန်း၌ ခရစ်ယာန် ဘာသာဝင်များ၏ ဘုရားကျောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက် ခံရပြီးနောက် လေတပ်၊ ကြည်းတပ်နှင့် ရေတပ်တို့ ပူးပေါင်း ထားသော အထူးစစ်ဆင်ရေး ဌာနချုပ်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အင်ဒိုနီးရှား တပ်မတော်၏ အထူးပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ကို ပြန်လည်အသက်သွင်းလိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံးဦးစီး အရာရှိချုပ် မိုဒိုကိုက မေ ၂၁ ရက်တွင် အတည် ပြုပြောသည်။ သမ္မတ ဂျိုကိုဝီဒိုဒိုသည် ပြည်တွင်းရှိ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု လုပ်ငန်းစဉ်အား ကူညီ ထောက်ပံ့ရန် အင်ဒိုနီးရှား တပ် မတော်ကို မေ ၁၈ ရက်တွင် အမိန့်ပေးခြင်း ဖြစ်သည်။

မေ ၁၄ ရက်တွင် အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးကျောင်း၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ ၁၄ ဦးသေဆုံးသည်။ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်တစ်ရက် တွင်ယင်းမြို့၏ မြို့နယ်ရဲတပ်ဖွဲ့ ဌာနချုပ်သည်လည်း ထပ်မံ တိုက်ခိုက်ခံရသည်။

အဆိုပါ တိုက်ခိုက်မှုများမှာ ဆီးရီးယားနှင့် အီရတ်ရှိ IS စစ်သွေးကြွ အဖွဲ့ကို သစ္စာခံသော အင်ဒိုနီးရှား စစ်သွေးကြွ အဖွဲ့၏ လက်ချက်ဖြစ်သည်။ စစ်သွေးကြွ အဖွဲ့တွင် အသက်ရှစ်နှစ်ရှိ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများ အပါအဝင် မိသားစု တစ်စုလုံးက အသေခံ ဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ် သဖြင့် ကမ္ဘာတစ်ဝန်းက အံ့သြမှင်တက်ခဲ့ရသည်။

အထူးပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်သည် ပြည်တွင်း၌ တပ်ဖွဲ့ဝင်များကို မည်ကဲ့သို့ တပ်ဖြန့်ချထားမည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အဆိုပါ ဌာနချုပ်သည် အမေရိကန် တပ်မတော်၏ အထူးပူးပေါင်း စစ်ဆင်ရေး ဌာနချုပ် (JSOC) ကဲ့သို့ ဆောင်ရွက်နိုင်ဖွယ်ရှိသည်။ JSOC သည် ၂ဝ၁၁ ခုနှစ် တွင် အယ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင်ကို စီးနင်းတိုက်ခိုက် ချေမှုန်းခဲ့ကြောင်း သိရသည်။

Read 1535 times Last modified on Wednesday, 23 May 2018 11:52