SJ WorldNews - шаблон joomla Авто

ပါမိုင်ရာမြို့ အနီးရှိ ဆီးရီးယား တပ်စခန်းကို IS စစ်သွေးကြွ အဖွဲ့ဝင်ရောက် တိုက်ခိုက် လူ ၃ဝ သေဆုံး

Thursday, 24 May 2018 09:48 font size decrease font size decrease font size increase font size increase font size

အမ်မန် မေ ၂၃

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ပါမိုင်ရာမြို့ အနီးရှိ စစ်ဘက်ကင်းစခန်းတစ်ခုကို နိုင်ငံအတွင်းရှိ IS စစ်သွေးကြွ များက မေ ၂၂ ရက်တွင် တိုက်ခိုက်ရာ အီရန်က ထောက်ပံ့သည့် ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့ ဝင်၃ဝ သေဆုံးကြောင်း ဒေသခံများနှင့် လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောသည်။

ရှေးဟောင်း ရောမမြို့ဖြစ်သည့် ပါမိုင်ရာမြို့ အရှေ့တောင်ဘက် ရေကာတာတစ်ခု အနီးရှိ အဆိုပါစခန်း၌ အရုဏ်မတက်မီအချိန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း စစ်ေ သွးကြွ အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်သူများနှင့် သံချပ်ကာယာဉ်များကို အသုံးပြုခဲ့ကြောင်း ၎င်းတို့ကပြောသည်။

အစိုးရတပ်ဖွဲ့ဝင်များ၏ ရက်သတ္တပတ်များစွာကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒမတ်စကပ်မြို့တောင်ပိုင်းရှိ ၎င်းတို့၏ခြေကုပ်နေရာမှ IS စစ်သွေးကြွများ ဆုတ်ခွာရပြီးနောက် တစ်ရက်တွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ IS စစ်သွေးကြွများသည် ဆီးရီးယားပြည်တွင်း စစ်အတွင်း ပါမိုင်ရာမြို့ကို နှစ်ကြိမ် တိုင်တိုင်သိမ်းပိုက်ပြီး အဖိုးတန်ေ ရှးဟောင်း ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်။

စစ်သွေးကြွများသည် ၎င်းတို့ထိန်းချုပ်ခဲ့ဖူးသည့် ကျယ်ပြန့်သော ကန္တာရအတွင်းရှိ ပုန်းခိုရာနေရာများမှ ထွက်ပေါ်လာကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲအတွင်း ဆီးရီးယားဘက်မှ ၂၆ ဦး သေဆုံးကြောင်း၊ သေဆုံးသူများအနက် ၁၇ ဦးမှာ ဆီးရီးယားနိုင်ငံသားများ မဟုတ်ကြောင်းနှင့် အများ စုမှာ အီရန်နိုင်ငံသားများ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောသည်။

စစ်သွေးကြွ အဖွဲ့၏ အဆိုပါတိုက်ခိုက်မှုအတွင်း အရာရှိ ၁၆ ဦးနှင့် တပ်ဖွဲ့ဝင်များ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းကို အစိုးရ ထောက်ခံသော သတင်းဌာနတစ်ခုက အတိအကျ ဖော်ပြထားသော်လည်း အခြား သေဆုံးသူများ၏ အမည်များကိုမူ အတည်ပြုနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Read 1797 times Last modified on Thursday, 24 May 2018 09:51