SJ WorldNews - шаблон joomla Авто

တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတည်ဆောက်နေခြင်းမှာ နိုင်ငံကို ကာကွယ်ရန် အတွက်သာဖြစ်ဟု တရုတ်ဆို

Sunday, 05 August 2018 11:13 font size decrease font size decrease font size increase font size increase font size

စင်ကာပူ  သြဂုတ် 

တရုတ်အစိုးရက တောင်တရုတ်ပင်လယ် အတွင်း စစ်ရေး တည်ဆောက်နေခြင်းသည် နိုင်ငံကို ကာကွယ်ရန်အတွက်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သြဂုတ် ၄ ရက်တွင် ပြောသည်။

အမေရိကန်အပါအဝင် ဒေသတွင်းမဟုတ်သည့် အခြားနိုင်ငံများမှ လုံခြုံရေးအရ ဖိအားပေးနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံကို ကာကွယ်ရန်အတွက်သာ စစ်ရေး တည်ဆောက် နေခြင်းဖြစ်သည်ဟု ၄င်းကပြောသည်။

အမေရိကန်အပါအဝင်   ဒေသတွင်း မဟုတ်သည့်နိုင်ငံများက ဒေသတွင်းနိုင်ငံ များအပေါ် ဖိအားပေးခြင်းနှင့် စစ်အင်အား ပြသခြင်းအဖြစ် တောင်တရုတ်ပင်လယ်သို့ မဟာဗျူဟာမြောက် စစ်လက်နက်များကို ပေးပို့နေကြောင်း   ၄င်းကဆက်လက်ပြော သည်။

ထိုသို့လုပ်ဆောင်လာခြင်းသည် တရုတ်က တောင်တရုတ်ပင်လယ်၌   စစ်ရေးတည် ဆောက်မှုအတွက် အကြီးမားဆုံးတွန်းအားဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဝမ်ယီက ယခုရက်သတ္တပတ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသော  အာဆီယံဆက်စပ် အစည်းအဝေး၏

သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ဒေသတွင်းသို့ လေယာဉ်တင်သင်္ဘော ရေယာဉ်စုများ၊ မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်များနှင့်  အခြားခေတ်မီလက်နက် များရောက်ရှိလာသောကြောင့် တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများမှာ စစ်ရေး အရ ခြိမ်းခြောက်ခံနေရပြီး ကိုယ့်နိုင်ငံကို ကာကွယ်ရမည့် အနေအထားဖြစ်ကြောင်း၊ သို့ဖြစ်၍  တောင်တရုတ်ပင်လယ်အတွင်း ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံများ ထားရှိရခြင်းဖြစ်ကြောင်း ဝမ်ယီကဆိုသည်။

တရုတ်က တောင်တရုတ်ပင်လယ်အတွင်း စစ်ရေး တည်ဆောက်နေသည့်အတွက် အခြားနိုင်ငံများက စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင် ခြင်းဟုတ်၊ မဟုတ်နှင့်ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းချက်ကိုမူ တရုတ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်နက်ကို ကာကွယ်ရန်လိုအပ်သောကြောင့် သာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဝမ်ယီက ပြန်လည်ဖြေကြားသည်ဟုသိရသည်။

Ref: The Straits Times

Read 184 times