SJ WorldNews - шаблон joomla Авто

ဆီးရီးယား စစ်စခန်းများကို အစ္စရေးတိုက် လေယာဉ်များက ဒုံးကျည်များဖြင့် တိုက်ခိုက်၊ အစိုးရတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

Friday, 08 September 2017 10:27 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ်  စက်တင်ဘာ 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း မက်ယက်မြို့အနီးရှိ အစိုးရ စစ်စခန်းများကို အစ္စရေးတိုက် လေယာဉ်များက ဒုံးကျည်များဖြင့် တိုက်ခိုက်ရာ အစိုးရ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း ဆီးရီးယား  စစ်ဘက်က  အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

လက်ဘနွန်နိုင်ငံ ဘက်မှ  ပျံသန်းလာ သည့် အစ္စရေးစစ်လေယာဉ်များသည် စက်တင်ဘာ ၇ ရက် နံနက် ၂ နာရီ ၄၂ မိနစ်တွင်  မက်ယက်မြို့အနီးရှိ   ဆီးရီးယားစစ်စခန်း တစ်ခုကို ဒုံးကျည်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်း အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း ၎င်းအစီရင် ခံစာတွင် ဖော်ပြ ထားသည်။

အစ္စရေး၏အပြုအမူသည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြင်းဖြစ်ပြီး အန္တရာယ် များသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဆီးရီးယားစစ်ဘက်က သတိပေးထားသည်။

ထို့ပြင် အစ္စရေးတို့၏လုပ်ရပ်သည် ဆီးရီးယား နိုင်ငံအတွင်း အစိုးရတပ်ဖွဲ့က အကြမ်း ဖက်ဝါဒကို တိုက်ဖျက် ချေမှုန်းရာတွင် အောင်မြင်မှုများစွာရရှိပြီးနောက်IS စစ်သွေးကြွအဖွဲ့၏   ပြိုလဲနေသော စိတ်ဓာတ်ကို  တက်ကြွ အောင် ပြုလုပ်ပေးနေသကဲ့သို့ ဖြစ်ပြီး အစ္စရေးအစိုးရသည်IS စစ်သွေးကြွ အဖွဲ့နှင့် အခြားအကြမ်းဖက် အဖွဲ့ အစည်း များအား   ထောက်ပံ့နေသည်မှာ  ထင်ရှားကြောင်း ၎င်းအစီရင်ခံစာ၌ ရေးသားထားသည်။

အစ္စရေးသည် ယခင်ကတည်းက ဆီးရီး ယားစစ်စခန်းများကို လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။

ဖေဖော်ဝါရီလတွင် လက်ဘနွန်နယ်စပ်အနီး ဒမတ်စကပ်မြို့ အနောက်ပိုင်းရှိ ဆီးရီးယား စစ်စခန်းများကို  အစ္စ ရေးက လေကြောင်းမှ တိုက်ခိုက်သည်။

ထို့ပြင် ဇန်နဝါရီလတွင်လည်း ဒမတ် စကပ်မြို့အနီးရှိ လေဆိပ်တစ်ခုကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်သည်။

အစ္စရေး၏ လုပ်ရပ်များသည် အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုနေသော လုပ်ရပ်များ ဖြစ်ကြောင်း  ဆီးရီးယားအစိုးရ တာဝန်ရှိသူ တစ်ဦးက Sputink  သတင်းဌာနသို့ ပြောသည်။

Read 113 times Last modified on Friday, 08 September 2017 10:47