SJ WorldNews - шаблон joomla Авто

မာရာဝီမြို့၌ စစ်သွေးကြွ အချို့လက်နက်ချရန်ပြင်ဆင်နေဟု ဖိလစ်ပိုင် စစ်ဘက်ဆို

Tuesday, 12 September 2017 09:05 font size decrease font size decrease font size increase font size increase font size

မနီလာ  စက်တင်ဘာ  ၁၁

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း  မာရာဝီမြို့၌ သုံးလခွဲကျော်ကြာ တိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိ သော အစ္စလာမ် မစ်စစ်သွေးကြွ အချို့သည် လက်နက် ချရန်ပြင်ဆင်လျက်ရှိကြောင်း ဖိလစ်ပိုင် စစ်ဘက်က စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များသည် အသံချဲ့စက်များဖြင့် စစ်သွေးကြွများကို လက်နက်ချ ရန် တိုက် တွန်းခဲ့ပြီး ၎င်းတို့အနေဖြင့် လက်နက်ချပါက လွတ်ငြိမ်းခွင့်ရရှိမည်ဖြစ်ကြောင်း မြို့ အတွင်း၌ကျန်ရှိ နေသော ခန့်မှန်းခြေ အားဖြင့် စစ်သွေးကြွ အယောက်  ၅ဝ  မှ ၆ဝခန့်ကို တပ်ဖွဲ့ဝင် များကပြောထားသည်။ ၎င်းတို့ထံ သို့လာမည့်ရက်များအတွင်း လက်နက် ချသူများ ရောက်ရှိလာမည်ဟု မျှော်မှန်း ရကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးရို မီယို ဘရောင်းက သတင်းစာရှင်းလင်း ပွဲတွင် ပြော ထားသည်။

လက်နက်ချရန်ကမ်းလှမ်းမှုသည် ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေက ကြားဝင်ဖျန်ဖြေသူ မာရာ ဝီမြို့တော် ဝန်ဟောင်း အိုမာဆီလီတာရိုအလီနှင့်အတူ စစ်သွေးကြွများနှင့်ဆွေးနွေး ပွဲ များ စတင်ရန် ကြိုးပမ်းချက်ကြာရှည် မခံလျှင် သက်တမ်းတိုးမည်ဟု ပြောပြီးနောက် ထွက် ပေါ်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသည့်  ဓားစာခံများလွတ်မြောက်ရန်အလဲအလှယ်အနေဖြင့်  စစ်သွေးကြွ များ ကို  လွတ်ငြိမ်းခွင့်ပြုနိုင်ခြေရှိကြောင်း ဒူတာတေက စက်တင်ဘာ ၉ ရက်တွင်ပြောသည်။ မာရာ ဝီမြို့ စစ်ပွဲအတွင်း အစိုးရ တပ်ဖွဲ့ဝင်  ၁၄၇ ဦး၊ အရပ်သား ၄၅ ဦးနှင့် စစ်သွေးကြွ ၆၅၅ ဦးသေဆုံးခဲ့ကြောင်း  စစ်ဘက်၏ထုတ်ပြန်ချက်အရ သိရသည်။

Read 151 times Last modified on Tuesday, 12 September 2017 10:57