SJ WorldNews - шаблон joomla Авто

နိုင်ငံ၏ ရေပိုင်နက်အတွင်း အမေရိကန် စစ်သင်္ဘောများကို မည်သည့်အခါမျှ ဝင်ခွင့်မပြုဟု အီရန်ပြော

Wednesday, 26 December 2018 12:46 font size decrease font size decrease font size increase font size increase font size

တီဟီရန်  ဒီဇင်ဘာ  ၂၅

အီရန်နိုင်ငံသည် ၎င်း၏ ရေပိုင်နက်အတွင်းသို့ အမေရိကန် စစ်သင်္ဘောများကို မည်သည့်အခါမျှ ဝင်ခွင့်ပြုမည် မဟုတ် ကြောင်းနှင့် အမေရိကန်၏ မည်သည့်လုပ်ဆောင်မှုကို မဆို အမှန်တကယ်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန် ရေတပ် ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS John C.Stennisက ပါရှန်းပင်လယ်ကွေ့မှ ပြန်လှည့် သွားသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၄ ရက်တွင် ဆေယာရီက အဆိုပါမှတ်ချက် ပြုစကားကို ပြောဆိုခြင်းဖြစ်သည်။

အီရန်နိုင်ငံသည် အမေရိကန်ကို ရင်ဆိုင် နိုင်သည့် လက်နက်စွမ်းရည် အလုံအလောက်ရှိမှုနှင့် အသင့်ပြင်ဆင်ထားမှု တို့ကြောင့် ယင်း နိုင်ငံက အီရန်နိုင်ငံကိုဆန့်ကျင်သည့် မည်သည့်ဆောင်ရွက်ချက်မျှ လုပ်ဆောင်မည်မဟုတ် ကြောင်း ဆေယာရီကပြောသည်။

ထို့ပြင် မည်သည့်နိုင်ငံကိုမဆို နိုင်ငံတကာ ရေပိုင်နက်အတွင်း၌ အီရန်ရေတပ်က လုပ်ဆောင်သကဲ့သို့ သွားလာမှုကို ခွင့်ပြုကြောင်း ၎င်းကဆက်ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ပါရှန်းပင်လယ်ကွေ့၌ Great Prophet 12  အမည်ရှိ  စစ်ရေး လေ့ကျင့်ခန်း၏ နောက်ဆုံးအဆင့်ကို လုပ်ဆောင်ကြောင်း သိရသည်။

 

Read 126 times Last modified on Wednesday, 26 December 2018 12:47