SJ WorldNews - шаблон joomla Авто

စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်စစ်သင်္ဘောသုံးစင်း ရောက်ရှိ

Thursday, 10 January 2019 09:27 font size decrease font size decrease font size increase font size increase font size

ဖနွမ်းပင် ဇန်နဝါရီ ၉

တရုတ်စစ်သင်္ဘော သုံးစင်းသည် ကမ္ဘောဒီးယားနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် ဆစ်ဟာ နော့ဗေလီ ဆိပ်ကမ်းသို့ ဇန်နဝါရီ ၉ ရက်တွင် ရောက်ရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချန်ဆိုချီအက်က ပြောသည်။

အဆိုပါ နှစ်နိုင်ငံအနေဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများစွာကိုလည်း ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယား တပ်မတော်ကို ခေတ်မီစေရန် အမေရိကန် ဒေါ်လာသန်း ၁ဝဝ ထောက်ပံ့မည်ဟု တရုတ် အစိုးရက ဇွန်လတွင် ကတိပြုထားသည်။

ယခု အလည်အပတ် ခရီးစဉ်သည် အထူးသဖြင့် နှစ်နိုင်ငံ ရေတပ်များအကြား ဆက်ဆံရေးနှင့် စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ချန်ဆိုချီအက် ကပြောသည်။ ထို့ပြင် တရုတ်ရေတပ် ကိုယ်စားလှယ်အနေဖြင့် အလည်အပတ် ခရီးစဉ်အတွင်း ကမ္ဘောဒီးယား စစ်ဘက် ခေါင်းဆောင်များ အပါအဝင် ကာကွယ်ရေး ဝန်ကြီးနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား အနောက်တောင်ဘက် ကမ်းလွန်၌ အခြေစိုက်စခန်း တစ်ခုတည်ဆောက်ကာ တရုတ် စစ်ရေယာဉ်များက ထိုနေရာသို့ နှစ်ပေါင်းများစွာကြာ လှည့် လည်သွားလာနေသည်ဟူသော သတင်းများ ထွက်နေသည်။ သို့သော် အဆိုပါ သတင်းများကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ငြင်းဆိုထားပြီး ကမ္ဘောဒီးယား အစိုးရအနေဖြင့် ၎င်း၏ မြေပေါ်တွင် မည်သည့်ပြည်ပ စစ်အခြေစိုက် စခန်းများကို မျှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြော ထားသည်။

ကမ္ဘောဒီးယား အစိုးရသည် တောင်တရုတ် ပင်လယ်၌ တရုတ်နှင့်ပိုင်နက် အငြင်းပွားနေသော အာဆီယံနိုင်ငံများအနက် တရုတ်အတွက် ယုံကြည်ရသော မဟာမိတ်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်အစိုးရကလည်း ဇူလိုင်လတွင် အတိုက်အခံမပါဘဲ ကျင်းပသော ကမ္ဘောဒီးယား ရွေးကောက်ပွဲ အပါအဝင် အခြားကိစ္စရပ်များစွာတွင် ကမ္ဘောဒီးယား အစိုးရကို ထောက်ခံထား ကြောင်း သိရသည်။

Ref: AFP

Read 126 times Last modified on Thursday, 10 January 2019 14:58