SJ WorldNews - шаблон joomla Авто

ဆီးရီးယား တပ်ဖွဲ့အား အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့မှ စစ်လေယာဉ်များက တိုက်ခိုက်ဟုဆို

Monday, 04 February 2019 10:21 font size decrease font size decrease font size increase font size increase font size

ဘေရွတ်  ဖေဖော်ဝါရီ 

ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြန့်ကြက်ထားသည့်   အစိုးရတပ်ဖွဲ့အားအမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့ မှ စစ်လေယာဉ်များက တိုက်ခိုက်မှုကြောင့်  စစ်သည်များဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား စစ်ဘက်၏ပြောဆိုချက်ကို   ကိုးကား၍  နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြသည်။

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့မှ စစ်လေယာဉ်များသည် အဘူကာမား ဒေသတွင်ဖြန့်ကြက် ထားသည့် အစိုးရတပ်ဖွဲ့ တစ်ဖွဲ့အား ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်း က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု အတွင်း ဆီးရီးယား စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမြောက်တစ်ခု ပျက်စီးသွားကြောင်း ဆီးရီးယား စစ်ဘက်မှ သတင်းအရင်းအမြစ် တစ်ခုကပြောသည်။

ဆီးရီးယားစစ်ဘက်သည် အဆိုပါတပ်ဖွဲ့အား   ယူဖရေးတီးမြစ်အရှေ့ဘက်တွင် တပ်စွဲထားသည့ှ်ု စစ်သွေးကြွ အဖွဲ့မှ လက် ကျန်အဖွဲ့ကိုချေမှုန်းရန်အတွက် ဖြန့်ကြက်ထားခြင်းဖြစ်ကြောင်း သိရသည်။

IS စစ်သွေးကြွ အဖွဲ့သည်  ယခုအခါ ဆီးရီးယားနိုင်ငံတွင် ကျေးရွာအနည်းငယ်ကိုသာ  ထိန်းချုပ်ထားလျက်ရှိပြီး ၎င်းတို့ လက်အောက်သို့ ကျရောက်ခဲ့သည့် နယ်မြေ အများအပြားကို ၂ဝ၁၇ ခုနှစ်တွင် ပြန်လည် လက်လွှတ် ခဲ့ရခြင်းဖြစ်သည်။  စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယား အလယ်ပိုင်းရှိ သဲကန္တာရ ဒေသ တစ်ခုကိုလည်း   ဆက်လက် ထိန်းချုပ် ထားကြောင်း သိရသည်။

အမေရိကန် ဦးဆောင်သည့်  ညွန့်ပေါင်း တပ်ဖွဲ့အနေဖြင့် ဆီးရီးယား အစိုးရတပ်များအား အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိဟု ယခင်က ငြင်းဆိုထားဖူးကြောင်း သိရသည်။

Read 100 times Last modified on Monday, 04 February 2019 10:22