SJ WorldNews - шаблон joomla Авто

အမေရိကန် စစ်သည်များ ဖြန့်ကြက်မှု ကုန်ကျစရိတ်အား ဝေမျှကျခံရန် အမေရိကန်နှင့် တောင်ကိုရီးယား မူအရ သဘောတူ

Wednesday, 06 February 2019 09:15 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   ဖေဖော်ဝါရီ  

တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန် စစ်သည်များအား ဖြန့်ကြက်မှုကြောင့် ကုန်ကျ သည့်ကုန်ကျစရိတ်အား နှစ်နိုင်ငံစလုံးက ဝေမျှကျခံရန်  အမေရိကန်နှင့်  တောင်ကို ရီးယားအစိုးရတို့ကြား  မူအရသဘောတူညီ ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရတို့ကြား  စစ်သည်ဖြန့်ကြက်မှုကြောင့် ထွက်ပေါ်လာသည့် ကုန်ကျစရိတ် အား ဝေမျှကျခံမည့် အထူးဆောင်ရွက်ချက်များ ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ မူအားဖြင့် သဘောတူ ညီခဲ့ကြောင်း၊ ဆွေးနွေးရန် ကျန်ရှိ နေသည့် ကိစ္စရပ်များကို   နှစ်နိုင်ငံစလုံးက တတ်နိုင်သမျှ စောစောဆွေးနွေး၍  ဖြေရှင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုး သမီးက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

အမေရိကန် စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက်ရေးအတွက် ၂ဝ၁၄ ခုနှစ်က လက်မှတ်ရေးထိုး ခဲ့သော သဘော တူညီချက်အရ တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်းရှိ အမေရိကန်စစ်သည် ၂၈၅ဝဝ ဦးအတွက် တစ်နှစ်လျှင် ဝမ် ၉၆ဝ ဘီလီယံ (ဒေါ်လာ ၈၄၈ သန်း) သုံးစွဲခဲ့ရသည်။

သို့ရာတွင်   အဆိုပါသဘောတူညီချက် သည် ပြီးခဲ့သည့်နှစ်က သက်တမ်း ကုန်ဆုံးခဲ့ ပြီဖြစ်သည်။ တောင်ကိုရီးယား အစိုးရသည် ပြန်လည်ပြင်ဆင် ထားသည့် သဘောတူညီ ချက်အရ ယခုအခါ နိုင်ငံအတွင်း အမေရိကန် စစ်သည်များ ဖြန့်ကြက်မှု အတွက် တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလီယံနီးပါးအထိအသုံးပြုမည် ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ အမေရိကန်စစ်သည်များအား နိုင်ငံအတွင်း ဖြန့်ကြက်မှုအတွက် ၂ဝ၁၉ ခုနှစ်တွင်  ဒေါ်လာ ၁  ဘီလီယံနီးပါးအထိ ငွေကြေး သုံးစွဲမည့် တောင်ကိုရီးယား အစိုးရ၏ အဆိုပြုချက်ကို   အမေရိကန် အစိုးရ က လက်ခံမည့် အခြေအနေ ရှိကြောင်း Yonhap သတင်း အေဂျင်စီက အစောပိုင်းတွင် ထုတ်ပြန်ထား ကြောင်း သိရသည်။           

Read 90 times Last modified on Wednesday, 06 February 2019 09:17