SJ WorldNews - шаблон joomla Авто

အာရပ် စော်ဘွားများ ပြည်ထောင်စုက လက်နက် ပစ္စည်းများအား ယီမင်ရှိ ပြည်သူ့စစ် အဖွဲ့များ ထံသို့ လွှဲပြောင်း ပေးလျက်ရှိဟု AI အဖွဲ့က စွပ်စွဲ

Thursday, 07 February 2019 09:54 font size decrease font size decrease font size increase font size increase font size

ဒူဘိုင်း    ဖေဖော်ဝါရီ  

အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အနောက် နိုင်ငံများနှင့် အခြားနိုင်ငံများက ထောက်ပံ့နေသည့်  လက်နက် ပစ္စည်းများကို ယီမင်နိုင်ငံရှိ  ပြည်သူ့စစ် အဖွဲ့များထံသို့ လွှဲပြောင်းပေးလျက်ရှိသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး (AI) က ဖေဖော်ဝါရီ ၆ ရက်တွင်စွပ်စွဲသည်။

အာရပ်စော်ဘွားများပြည်ထောင်စုရှိ စစ်ဘက်သည်  အနောက်နိုင်ငံများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိ လက်နက်ပစ္စည်းများကိုလက်ခံရရှိနေပြီး ယင်းလက်နက်များအား စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံ နေရသည့် ယီမင် နိုင်ငံရှိ ပြည်သူ့စစ်အဖွဲ့များထံသို့ လွှဲပြောင်းပေးနေကြောင်း၊ အဆိုပါပြည်သူ့စစ်အဖွဲ့များ ပျံ့နှံ့ တိုးပွားလာခြင်းသည်  ယီမင်အရပ်သား ပြည်သူများအတွက်  ဘေးအန္တရာယ်ကိုဖြစ်စေကြောင်း၊ ယီမင်တွင်ဖြစ်ပွား နေသည့်စစ်ပွဲကြောင့်  ပြည်သူသန်းပေါင်းများစွာသည် ငတ်မွတ်မှုဒဏ်ကို တိုက်ရိုက်ကြုံတွေ့နေ ရ ကြောင်း AI အဖွဲ့ ကြီးက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာ ရေဗျ နိုင်ငံတို့သည် အီရန်နှင့်မဟာမိတ်ဖွဲ့ထားသည့် ဟူသီသူပုန်များကိုတိုက်ထုတ်ပြီး နိုင်ငံတကာ ကအသိ အမှတ်ပြု ထားသော ယီမင်အစိုးရ  ပြန်လည်အာဏာရရှိစေရန်အတွက် စစ်ရေးအရ ပါဝင်တိုက်ခိုက်နေသည့် ညွန့်ပေါင်း အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ အနောက်နိုင်ငံများက အဆိုပါ ညွန့်ပေါင်းအဖွဲ့အား လက်နက်ပစ္စည်းများနှင့်   ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ယီမင်နိုင်ငံ အတွင်း အပြန်အလှန် တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ထံသို့လက်နက်များ ရောင်း ချခြင်း ကို ဆိုင်းငံ့ထားရန် AI အဖွဲ့က သက်ဆိုင်ရာ နိုင်ငံများအား တောင်းဆိုထားသည်။ ယီမင်စစ်ပွဲသည် ဆွန်နီ မွတ်စလင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆော်ဒီ အာရေဗျနှင့် ရှီးယိုက် အီရန်တို့ကြား ကိုယ်စား စစ်ပွဲ အသွင်ဖြစ်ပွားနေ သည့် လက်နက်ကိုင် ပဋိပက္ခတစ်ခုအဖြစ် အရှေ့အလယ်ပိုင်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက်ရှိ ကြောင်း သိရသည်။        

 

 

Read 82 times Last modified on Thursday, 07 February 2019 09:56