SJ WorldNews - шаблон joomla Авто

နိုင်ငံအတွင်း အမေရိကန်တပ်များ ဖြန့်ကြက်မှု အတွက် ကုန်ကျစရိတ်တိုးမြှင့်ရေး သဘောတူညီချက်ကို တောင်ကို ရီးယား လက်မှတ်ထိုး

Monday, 11 February 2019 09:51 font size decrease font size decrease font size increase font size increase font size

ဆိုး   ဖေဖော်ဝါရီ   ၁ဝ

တောင်ကိုရီးယားတွင် ဖြန့်ကြက်ထားသည့် အမေရိကန်တပ်ဖွဲ့များအတွက် ကုန်ကျစရိတ်တိုးမြှင့် သုံးစွဲမည့်  ရေတို သဘောတူ ညီချက် တစ်ရပ်ကို  တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၁ဝ ရက်တွင် လက်မှတ်ရေးထိုးသည်။

အဆိုပါ သဘောတူညီချက်လက်မှတ်ရေး ထိုးမှုသည်   ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ အမေရိကန်တပ်များ ဖြန့်ကြက်မှု အတွက် ငွေကြေးပိုမိုထည့်ဝင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က    တောင်ကိုရီးယား အစိုးရအားတောင်းဆိုပြီး နောက်ပိုင်းတွင်  ထွက်ပေါ်လာခြင်းဖြစ်သည်။  လက်ရှိတွင် အမေရိကန်အစိုးရသည် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၂၈၅ဝဝ ခန့်ကို တောင်ကိုရီးယားနိုင်ငံ၌  ဖြန့်ကြက်ထားသည်။

အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ တပ်များကို ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံးချိန်မှစ၍ ယင်းနိုင်ငံတွင် ဖြန့်ကြက်ထား ခြင်းဖြစ်သည်။

အမေရိကန်တပ်များ ဖြန့်ကြက်မှုအတွက် ငွေကြေးထည့်ဝင်မှု တိုးမြှင့်မည့် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီး ယား လွှတ်တော်က သဘောတူအတည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်ပြီး ယခုလက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီချက် အရ တောင်ကိုရီးယား အစိုးရက အမေရိကန်တပ်များဖြန့်ကြက်မှု အတွက်၂ဝ၁၈ ခုနှစ်က ဝမ် ၉၆ဝ ဘီလီယံ

အသုံးပြုခဲ့ရာမှ ယခုအခါ ဝမ် ၁ ဒသမ ဝ၃ ထရီလီယံ(ဒေါ်လာသန်း ၈၉ဝ)အထိ တိုးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခုလက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်သည် တစ်နှစ်အတွင်း သက်တမ်းကုန်ဆုံး မည်ဖြစ်သော ကြောင့် အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံကြား စေ့စပ်ဆွေးနွေးမှုများကို မကြာမီလများအတွင်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

တပ်ဖြန့်မှုအတွက် ငွေကြေးတိုးမြှင့်သုံးစွဲမည့် သဘောတူညီချက်သည် လွှတ်တော်၏ အတည်ပြုချက် လိုအပ်မည် ဖြစ်သော်လည်း တုံ့ပြန်မှုများသည်   လက်ရှိအချိန်အထိကောင်းမွန်လျက်ရှိကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ကန်းကျွမ်ဟွာက ပြောသည်။

အဆိုပါသဘောတူညီချက်ချမှတ်နိုင်ရေး အတွက် အမေရိကန်နှင့်တောင်ကိုရီးယားအစိုးရအဖွဲ့မှ တာဝန်ရှိသူများကြား  တွေ့ဆုံ ဆွေးနွေးပွဲများကို ၁ဝ ကြိမ်ခန့်ကျင်းပခဲ့ရပြီး တောင်ကိုရီးယားအစိုးရ အနေဖြင့်  ၎င်းတို့၏ ငွေကြေးထည့်ဝင်မှုကို ဝမ် ၁ ထရီလီယံအထိ သာ ကန့်သတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားတွင် အမေရိကန် တပ်များ  ဖြန့်ကြက်မှုအတွက်  ကုန်ကျစရိတ်အနေဖြင့် တစ်နှစ်လျှင်  ဝမ် ၁ ဒသမ ၄ ထရီလီယံ ပေးအပ်ရန် ထရမ့်က အစောပိုင်းတွင် တောင်ကိုရီးယားအား  တောင်းဆိုခဲ့ကြောင်း သိရသည်။

 

Read 64 times Last modified on Monday, 11 February 2019 10:36