SJ WorldNews - шаблон joomla Авто

ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် IS စစ်သွေးကြွများကို ဥရောပကမခေါ်လျှင် အမေရိကန်က ၄င်းတို့ကို ပြန်လွှတ်ပေးမည်

Monday, 18 February 2019 09:59 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဖေဖော်ဝါရီ ၁၇

ဆီးရီးယားနိုင်ငံမှ ဖမ်းဆီးရမိပြီး အမေရိကန်နိုင်ငံ၌ ထိန်းသိမ်း ခံထားရသည့် IS စစ်သွေးကြွရာ ပေါင်းများစွာကို ဥရောပနိုင်ငံများက မခေါ်လျှင် ယင်းစစ်သွေးကြွများကို လွှတ်ပေးတော့မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

အမေရိကန်က ထိန်းသိမ်းထားသည့် စစ်သွေးကြွ ၈ဝဝ ကျော်ကို ဥရောပနိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အခြားမဟာမိတ် နိုင်ငံများ အနေဖြင့် လွှဲပြောင်းရယူကာ ၄င်းတို့ကို တရားရုံးတင် စစ်ဆေးပေးရန် တောင်းဆိုကြောင်း ထရမ့်က တွစ်တာစာမျက်နှာ၌ ရေးထားသည်။

IS တို့သည် အရေးနိမ့်နေပြီ ဖြစ်ကြောင်း၊ ထိုစစ်သွေးကြွများကို ဥရောပနိုင်ငံများက မခေါ်ယူပါက အမေရိကန်က ၄င်းတို့ကို လွှတ်ပေးရမည် ဖြစ်ကြောင်း၊ ယင်းစစ်သွေးကြွများ ဥရောပဒေသ၌ စိမ့်ဝင်ထိုးဖောက် လာမည်ကို အမေရိကန်က မကြည့်လိုကြောင်း ထရမ့်၏ တွစ်တာစာမျက်နှာတွင် ရေးထားမှုအရ သိရသည်။

ထို့ပြင် အမေရိကန် အစိုးရသည် အန္တရာယ်ရှိသော စစ်သွေးကြွများကို ကျူးဘားနိုင်ငံရှိ ဂွမ်တာနာမို အကျဉ်းထောင်သို့ ပို့ဆောင်နိုင်ဖွယ် ရှိကြောင်း သိရသည်။ ထိုအကျဉ်းထောင်၌ ၉/၁၁ တိုက်ခိုက်မှု တရားခံများကို ထိန်းသိမ်းထားဖွယ် ရှိသည်။

လက်ရှိတွင် IS စစ်သွေးကြွ အဖွဲ့သည် အီရတ်နိုင်ငံ နယ်စပ်အနီးရှိ ဆီးရီးယားနိုင်ငံ ဘာဂက်ကျေးရွာကိုသာ ထိန်းချုပ်ထားနိုင်ပြီး ထိုနေရာကိုလည်း အမေရိကန်က ထောက်ပံ့ပေး

ထားသော ကာ့တပ်ဖွဲ့က တိုက်စစ်ဆင်နေသည်။

အဆိုပါ ကျေးရွာကို ကာ့တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာပါက အမေရိကန်က ဆီးရီးယားရှိ ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်း သွားဖွယ်ရှိကြောင်း

သိရသည်။

Ref: SCMP

Read 120 times Last modified on Wednesday, 20 February 2019 13:39