SJ WorldNews - шаблон joomla Авто

အီရန် ရေတပ်က ဟော်မုရေလက်ကြား၌ စစ်ရေး လေ့ကျင့်မည်

Friday, 22 February 2019 10:01 font size decrease font size decrease font size increase font size increase font size

မော်စကို    ဖေဖော်ဝါရီ   ၂၁

အီရန် ရေတပ်သည် ဟော်မု ရေလက်ကြား၌ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင် မည်ဟု  အီရန် ရေတပ်ဗိုလ်ချုပ် ဟော့စိန်ခန်ဇာဒီကပြောသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဟော်မုရေလက်ကြား၊ အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ တစ်ဝန်းရှိ  စတုရန်း ကီလို မီတာ ၂ သန်း ကျယ်ဝန်းသောနေရာ၌ လုပ်ဆောင်မည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွင် အဆင့်လေးဆင့် ပါဝင် မည်ဖြစ်ကြောင်း ဟော့စိန်ခန်ဇာဒီက ပြောသည်။

စစ်ရေးလေ့ကျင့်မှုများ အနက် အဆင့်တစ်ခုတွင် ပင်လယ်ပြင်၌ တကယ့်စစ်ပွဲ အခြေအနေပုံစံဖြင့် စစ်ရေး လေ့ကျင့် မည်ဖြစ်ပြီး စစ်သင်္ဘောများ၊ ရေငုပ် သင်္ဘောများနှင့် လေယာဉ်များအပြင် ဒုံးကျည် ပစ်လွှတ်မှုလည်း ပါဝင် မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အီရန်အစိုးရအနေဖြင့် ရေနံပို့ဆောင်ရေးအတွက်  အဓိက လမ်းကြောင်းဖြစ်သော ဟော်မု ရေလက်ကြားတွင် ရေတပ် စစ်ရေး လေ့ကျင့် မှုများကို  ပုံမှန်လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

Read 48 times Last modified on Friday, 22 February 2019 10:01