SJ WorldNews - шаблон joomla Авто

အမေရိကန်က စစ်သည်အယောက် ၂ဝဝ ကို ဆီးရီးယား၌ ဆက်လက် ဖြန့်ကြက်မည်

Saturday, 23 February 2019 10:38 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   ဖေဖော်ဝါရီ   ၂၂

အမေရိကန်သမ္မတ၏ အမိန့်အရ ဆီးရီးယားနိုင်ငံမှ အမေရိကန် စစ်သည်များကို ပြန် လည်ရုပ်သိမ်းမည် ဖြစ်သော်လည်း ယင်းနိုင်ငံ၌ စစ်သည်အယောက် ၂ဝဝ ကို ဆက်လက် ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံ၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် အင်အား ၂ဝဝ ပါ  အဖွဲ့ငယ်တစ်ဖွဲ့ကို   အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း   အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးက ပြောသည်။

ဧပြီလကုန်တွင် ဆီးရီးယားမှ အမေရိကန် တပ်ဖွဲ့ဝင် ၂ဝဝဝ နှင့် အထက်ကို ရုပ်သိမ်းသွားမည့် ထရမ့်၏ ဆုံးဖြတ်ချက်သည် ၎င်း၏ ရီပတ်ဘလစ်ကန် ပါတီဝင်များ၏ ကန့်ကွက်မှု များကိုပါ ရင်ဆိုင်နေရချိန်တွင် အိမ်ဖြူတော်က ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ အတွင်း၌ ထောင်ပေါင်းများစွာသော စစ်သွေးကြွများ ကျန်ရှိကာ ၎င်း တို့၏ နောက်ဆုံးခံစစ် နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ယင်းနိုင်ငံရှိ IS  စစ်သွေးကြွများကို အနိုင်ရရှိပြီဟု ထရမ့်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကြွေးကြော် ခဲ့သည်။ ထို့ပြင် အမေရိကန်စစ်သည်များကို လည်း ရုပ်သိမ်း သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုကြေညာချက်တွင် စစ်သည်များ ထားရှိမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆာရာဆန်းဒါးက အသေးစိတ် မပြောသော်လည်း ယင်းကဲ့သို့ စစ်သည်များ ဆက်လက်ဖြန့်ကြက်ခြင်း သည် အချို့သော ရည်မှန်းချက်များကို ဆောင်ရွက်ရာ၌ ဥရောပမဟာမိတ်များနှင့် ပူးပေါင်း လုပ်ဆောင်မည် ဟူသော ကတိကိုတည်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာ နာဟန်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် ဥရောပသို့ သွားရောက်ပြီး ဆီးရီးယားမှအမေရိကန် စစ်သည်များ ရုပ်သိမ်းပြီးသည့်နောက် ပိုင်းတွင်လည်း ဥရောပနိုင်ငံများ အနေဖြင့် ၎င်းတို့၏ စစ်သည်များကို  ဆက်လက်ထားရှိရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

Read 53 times Last modified on Saturday, 23 February 2019 10:39