SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားမှ စစ်သည်များလျှော့ချရေးကို မြောက်ကိုရီးယားနှင့် ဆွေးနွေးမည်မဟုတ်ဟု ထရမ့်ပြော

Sunday, 24 February 2019 12:59 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဖေဖော်ဝါရီ ၂၃

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်သည်များ လျှော့ချရေးကို မြောက်ကိုရီးယားနှင့် ဆွေးနွေးသွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောသည်။ တောင်ကိုရီးယားရှိ အမေရိကန်စစ်သည် ၂၈၅ဝဝဝ အနက်အချို့ကို ပြန်လည်ရုပ်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန်အစီအစဉ်ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေထားခြင်းဖြစ်သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပမည့် အမေရိကန်မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ၌ မည်သည့်အချက်များ ဆွေးနွေးမည်ကို ကြိုတင် ထုတ်ဖော်ပြောသွားမည်မဟုတ်ကြောင်း ၄င်းက အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောသည်။ လက်ရှိအချိန်တွင် ကင်ဂျုံအွန်နှင့် နှစ်ရက်ကြာတွေ့ဆုံပွဲ၌ ပိုမိုခိုင်မာသောရလဒ်များ ထွက်ပေါ်လာစေ ရန် ထရမ့်အနေဖြင့် ဖိအားပေးခြင်းခံနေရသည်။ စီးပွားရေးသမားဘဝမှ သမ္မတဖြစ်လာသည့် ဒေါ်နယ် ထရမ့်သည် မဟာမိတ်နိုင်ငံများရှိ အမေရိကန်စစ်သည်များကို ပြန်လည်ရုပ်သိမ်းရန် စိတ်ဝင်စားသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ စစ်သည်များကို ဖြန့်ကြက်မှုသည် အသုံးစရိတ်ကို ပိုမိုကုန်ကျစေသည်ဟု ၄င်းကခံယူထားသည်။ သို့သော် ကိုရီးယားနှစ်နိုင်ငံသည် တရားဝင် ငြိမ်းချမ်း ရေးစာချုပ်ကို မချုပ်ဆိုရသေးသောကြောင့် စစ်ဖြစ်နေသည့် အနေအထားသာ ရှိသည့်အတွက် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်စစ်သည်များကို ရုပ်သိမ်းရန်ဆုံးဖြတ်ချက်သည် အမေရိကန် လွှတ်တော်နှင့် ဂျပန်နိုင်ငံတို့၏ ကန့်ကွက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Read 160 times Last modified on Monday, 25 February 2019 09:42