SJ WorldNews - шаблон joomla Авто

ကက်ရှမီးယား ဒေသအတွင်း အိန္ဒိယနှင့် ပါကစ္စတန် အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

Tuesday, 05 March 2019 10:03 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  မတ် 

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး စစ်ပွဲများဖြစ်ပွား ပြီးနောက်     အပစ်အခတ် ရပ်စဲချိန်မှစ၍ နှစ်ဖက်တပ်များအကြား အငြင်းပွား ကက်ရှ မီးယားဒေသတွင် မတ် ၄ ရက်က အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း  အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး ဒီဗန်ဒေါအာနန်က ပြောသည်။ ဒေသစံတော်ချိန်  နံနက်    နာရီတွင်ဖြစ်ပွားသော  အဆိုပါ အပြန်အလှန် တိုက်ခိုက်မှု အတွင်း ပါကစ္စတန် တပ်ဖွဲ့ဝင်များသည် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ကာ အက်နောနယ်မြေသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အိန္ဒိယတပ်များက ပါကစ္စတန်တပ်များကို ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း အာနန်ကပြောသည်။

နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်များ၏ အဆိုပါ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုသည် ဒေသ စံတော်ချိန် နံနက် ၆ နာရီ မိနစ် ၃ဝ တွင် ရပ်တန့်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားသောနေရာရှိ ကျောင်းများအားလုံးသည် အိန္ဒိယ- ပါကစ္စတန်တို့ ကြားရှိ နယ်စပ်ထိန်းချုပ်မျဉ်း   (LoC) မှ (၃မိုင်) ၅ ကီလိုမီတာ အတွင်း တည်ရှိကြောင်းနှင့် ယင်း LoC ကို မတ် ၄ ရက်တွင် ပိတ်ဆို့ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် အိန္ဒိယက လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Read 173 times Last modified on Tuesday, 05 March 2019 10:06