SJ WorldNews - шаблон joomla Авто

အကြမ်းဖက် အဖွဲ့အစည်းများအပေါ် ပါကစ္စတန်အစိုးရက ထိရောက်သော အရေးယူမှုမရှိဟု အိန္ဒိယ အစိုးရဆို

Saturday, 09 March 2019 15:12 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ        မတ်       

ပါကစ္စတန် အစိုးရအနေဖြင့် ၎င်းတို့၏ နယ်မြေပိုင်နက် အတွင်းရှိ အကြမ်းဖက်အဖွဲ့ အစည်းများအပေါ် ထိရောက်သော အရေးယူမှုမရှိဟု အိန္ဒိယ အစိုးရက ပြောသည်။

ထို့ကြောင့် ပါကစ္စတန်အစိုးရသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမား များကို စစ်ဆေးအတည်ပြု၍ နိုင်ငံတကာက ယုံကြည်နိုင်လောက်သည့် နည်းလမ်းများ အသုံးပြုကာ အပြတ်အသတ် ချေမှုန်းသင့်ကြောင်း အိန္ဒိယအစိုးရဘက်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ Hindustan Times သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံအတွင်း ဂျေအီးမိုဟာမက် အကြမ်းဖက်အဖွဲ့၏ လေ့ကျင့်ရေးစခန်း ကိုးခု အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု လေ့ကျင့်ရေး သင်တန်းကျောင်း ၂၂ ခုရှိကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာ့အကြမ်းဖက် ဝါဒ၏ ဗဟိုဆုံမှတ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အိန္ဒိယအစိုးရ အနေဖြင့် နိုင်ငံ၏နယ်စပ်ကို ဖြတ်ကျော် ရောက်ရှိလာသော မည်သည့် အကြမ်းဖက်လုပ်ရပ်ကိုမဆို ဖေဖော်ဝါရီလကုန်ပိုင်းတွင်  ပါကစ္စတန်နိုင်ငံအတွင်း ဝင်ရောက်လက်တုံ့ပြန် တိုက်ခိုက်ခြင်းကဲ့သို့သော အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေးနှင့် ဆိုင်သည့် စစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက သတိပေး ပြောဆိုလိုက်သည်။

အကြမ်းဖက် အဖွဲ့အစည်းများအပေါ် ပါကစ္စတန်အစိုးရ၏ ကိုင်တွယ်မှုသည် ပုံမှန် မဟုတ်ကြောင်းနှင့် အကြမ်းဖက်ခေါင်းဆောင်များကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခြင်းသည် ၎င်းတို့အား ကောင်းမွန်စွာ ထားရှိနေ သကဲ့သို့ဖြစ်နေကြောင်း၊ ပါကစ္စတန်အစိုးရ၏  ယင်းမူဝါဒသည် ဆုံလည်တံခါး မူဝါဒဖြစ်ကြောင်း အိန္ဒိယ တာဝန်ရှိသူက ဆက်ပြောသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာပါကတန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးသည်။

အိန္ဒိယလေတပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဂျေအီးမိုဟာမက် အကြမ်းဖက်အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့အကြား သဘောထား တင်းမာနေစဉ်တွင် အိန္ဒိယဘက်က ယခုကဲ့သို့ မှတ်ချက်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

Read 131 times Last modified on Saturday, 09 March 2019 15:13