SJ WorldNews - шаблон joomla Авто

ပါကစ္စတန်ဘက်က ကျည်ဆန်ဖြင့် တိုက်ခိုက်မှုကို အိန္ဒိယက ဗုံးများဖြင့် တုံ့ပြန်မည်

Sunday, 31 March 2019 12:02 font size decrease font size decrease font size increase font size increase font size

ပါကစ္စတန်ဘက်က ကျည်ဆန်ဖြင့်တိုက်ခိုက်မှုကို အိန္ဒိယဘက်က ဗုံးများဖြင့် လက်တုံ့ပြန် မည်ဖြစ်ကြောင်း အိန္ဒိယအာဏာရ BJP ပါတီခေါင်းဆောင် အာမစ်ရှားကပြောသည်။ ပါကစ္စ တန်နိုင်ငံမှ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄ဝ သေဆုံးရကြောင်း နှင့် ထိုသို့တိုက်ခိုက်လာသူများကို ဒဏ်ခတ်သင့်ကြောင်း အာမစ်ရှားကပြောသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ကိုယ့်နိုင်ငံကို ကာကွယ်ရန်အတွက် အခွင့်အရေးရှိကြောင်း၊ နိုင်ငံကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်သမားများကို ချေမှုန်းရာတွင် မည်သည့်နည်းလမ်းဖြင့် မဆို ဆောင်ရွက်မည်ဖြစ်ကြောင်း အာမစ်ရှားက ကတိပြုသည်ဟု သတင်းဌာနများက ဖော်ပြသည်။

အိန္ဒိယနိုင်ငံ၌ ဧပြီ ၁၁ ရက်မှစတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ BJP ပါတီခေါင်းဆောင်က ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အိမ်နီးချင်းနိုင်ငံ နှင့် ဆက်ဆံရေးတင်းမာမှုကို အကြောင်းပြု၍ မဲဆွယ်ခြင်းလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ယခင်ကတည်းက ကက်ရှမီးယားနယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားခြင်း ကြောင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလတွင် ပါကစ္စတန် အခြေစိုက်စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄ဝ သေဆုံး ပြီးချိန်တွင် တင်းမာမှုများ မြင့်တက်လာသည်။

ထို့နောက် အိန္ဒိယလေတပ်က ပါကစ္စတန် နိုင်ငံအတွင်းရှိ စစ်သွေးကြွ စခန်းများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ နျူကလီးယား စစ်ဖြစ်ပွားနိုင်သည် အထိ အတင်းမာဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်။

Read 118 times Last modified on Thursday, 04 April 2019 09:50