SJ WorldNews - шаблон joomla Авто

အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်ရန် တုံ့ဆိုင်းမည် မဟုတ်ဟု သတိပေး

Saturday, 06 April 2019 12:03 font size decrease font size decrease font size increase font size increase font size

ပါကစ္စတန်က အိန္ဒိယပိုင်နက်သို့ အကြမ်းဖက် သမားများကို တွန်းပို့နေမှုတွင် ပါဝင်ပါက အိန္ဒိယစစ်ဘက် အနေဖြင့် နယ်စပ်ထိန်းချုပ် ရေးမျဉ်းတစ်လျှောက်ရှိ အကြမ်းဖက်အဖွဲ့၏ အခြေခံ အဆောက်အအုံနှင့် စစ်ဘက် စခန်းများကို တိုက်ခိုက်ရန် တုံ့ဆိုင်းမည် မဟုတ်ကြောင်း အိန္ဒိယ အစိုးရက   ပါကစ္စတန် အစိုးရကို  သတိပေးလိုက်သည်။

နှစ်ဖက် တိုက်ခိုက်မှုများ အတွင်း အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ အိန္ဒိယ သံတမန်ကို   ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဆင့်ခေါ်ပြီးနောက် ဧပြီ ၄ ရက်တွင် အိန္ဒိယအစိုးရက ပါကစ္စတန်စစ်ဘက်၏ အရေးပေါ် ဖုန်းလိုင်းအတွင်း ဝင်ရောက် ခေါ်ဆိုကာ သတိပေးခြင်း ဖြစ်သည်။

ကက်ရှမီးယားဒေသရှိ ပူဝါမာ၌ဖြစ်ပွားသောအကြမ်းဖက်တိုက်ခိုက်မှုအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံးပြီးနောက် ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်၍ အိန္ဒိယနှင့်ပါကစ္စတန်စစ်ဘက်အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလာခြင်းဖြစ်သည်။

ပါကစ္စတန် အခြေစိုက် ဂျေအီး မိုဟာမတ် စစ်သွေးကြွအဖွဲ့က ယင်းတိုက်ခိုက်မှုမှာ ၄င်းတို့ လက်ချက်ဖြစ်သည်ဟု အခိုင်အမာ ပြောထားသဖြင့် ပါကစ္စတန် အစိုးရက အိန္ဒိယဘက်သို့ အကြမ်းဖက်သမားများကို တွန်းပို့နေသည်ဟု အိန္ဒိယ အစိုးရက ယူဆထားသည်။ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်ရှိ ကော့ကိုတာရာနှင့် ခိုင်ရာတာနယ်မြေ တို့၌ ဖြစ်ပွားသော   အပြန်အလှန် ပစ်ခတ်မှုတွင် အရပ်သား လေးဦး ဒဏ်ရာရပြီး အသက်ရှစ်နှစ်ရှိ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးကြောင်း ပါကစ္စတန် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယတပ်ဖွဲ့ဝင်များအနေဖြင့် ဘတ်ဆာနယ်မြေ၌ ဘတ်စကားဖြင့် ခရီးသွားနေသော အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး   တည်ရှိနေသော သဘောတူညီချက်ကို   ရှင်းလင်းစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ပါကစ္စတန် အစိုးရက စွပ်စွဲထားသည်။

Ref: Sputnik

Read 78 times