SJ WorldNews - шаблон joomla Авто

မိုဂါဒစ်ရှူး၊ အကြမ်းဖက်တိုက်ခိုက်ရေး မိုဂါဒစ်ရှူးမြို့၌ စစ်သွေးကြွ များ၏ လက်နက်ပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ သိမ်းဆည်းရမိ

Monday, 08 April 2019 12:28 font size decrease font size decrease font size increase font size increase font size

ဆိုမာလီယာလုံခြုံရေးတပ်ဖွဲ့ဝင်များသည်  အယ်ရှာဘတ်စစ်သွေးကြွများ၏ ဖောက်ခွဲရေးပစ္စည်း၊ အဝေးထိန်းဖောက်ခွဲ ရေး စနစ်နှင့်  အသေခံဗုံးခွဲခါးပတ်တို့ အပါအဝင် လက်နက်ပစ္စည်းများကို မိုဂါဒစ်ရှူးမြို့ပြင်မှသိမ်းဆည်း  ရမိကြောင်း တာဝန်ရှိသူများကပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  မိုဂါဒစ်ရှူး မြို့ဆင်ခြေဖုံးရှိ အယ်လာရှာဘီယာဟာဒေသ အနီး၌ပြုလုပ်သော စစ်ဆင်ရေး အတွင်း ဗုံးများပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ ယမ်းတောင့်များ၊ ဗုံးများအပါအဝင် ဖောက်ခွဲ ရေးပစ္စည်းများကို မြေအောက် အဆောက်အအုံ တစ်ခု၌ရှာဖွေတွေ့ရှိကြောင်း ရဲတပ်ဖွဲ့မှအရာရှိ ကြီးတစ်ဦးဖြစ်သူ   ဇာကီယာဟူစိန် အာမတ်က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများ၏ သတိပေးချက်အရ  စစ်ဆင်ရေးလုပ်ဆောင်စဉ် ဖောက်ခွဲရေး ပစ္စည်းများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း အာမတ် ကပြောသည်။   အဆိုပါစစ်ဆင်ရေးသည်  စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှု ကို ကာကွယ်တားဆီးရန် ရဲတပ်ဖွဲ့ဝင်များက မြို့တော်၏အဓိကလမ်းများကို ပိတ်ပြီးအမြင့် ဆုံးသတိပေးချက်ထုတ်ပြန်ထားစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။

ထို့ပြင် ဆိုမာလီယာ အမျိုးသားလက်နက် ကိုင်တပ်ဖွဲ့သည် နိုင်ငံ၏တောင်ပိုင်းရှာဘယ်လီ ဒေသ၌ပြုလုပ်သော စစ်ဆင်ရေး နှစ်ခုအတွင်း အယ်ရှာဘတ်စစ်သွေးကြွ ၄၉ ဦးကို ဖမ်းဆီး ရမိကြောင်းသိရသည်။   

Ref: Xinhua

...........

Read 23 times Last modified on Monday, 08 April 2019 12:29