SJ WorldNews - шаблон joomla Авто

F-35A တိုက်လေယာဉ်များ ဖြန့်ကြက်မည့် တောင်ကိုရီးယား၏ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ရန် မြောက်ကိုရီးယား သတိပေး

Tuesday, 09 April 2019 13:32 font size decrease font size decrease font size increase font size increase font size

ဆိုး၊ စစ်ရေး

အမေရိကန် နိုင်ငံထုတ်   ပဉ္စမမြောက် မျိုးဆက်သစ် F-35A တိုက်လေယာဉ်များကို နိုင်ငံအတွင်းဖြန့်ကြက်မည့် တောင်ကိုရီးယား အစိုးရ၏ ဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်ရန် မြောက်ကိုရီးယား KCNA သတင်းဌာန၏ အွန်လိုင်း ဝက်ဆိုက် တစ်ခုဖြစ်သည့် Urimin-zokkiri တွင် သတိပေး ထားသည်။

F-35A တိုက်လေယာဉ်များကို ဒေသတွင်း၌ ဖြန့်ကြက်ခြင်းသည် ကြီးမားသည့်အကျိုးဆက်ကိုဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ကိုရီးယား ကျွန်းဆွယ်၌ စစ်ရေးတင်းမာမှုကိုပိုမိုကြီးထွား လာစေပြီး ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်မှုကို    တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း သတင်း ဝက်ဆိုက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံမှ F-35A တိုက်လေယာဉ် နှစ်စင်းကို ပြီးခဲ့သည့်လတွင်  လက်ခံရရှိပြီး  ယခုနှစ် အကုန်ပိုင်းတွင်   အဆိုပါအမျိုးအစား တိုက်လေယာဉ်ရှစ်စင်း ထပ်မံရရှိမည်ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် F-35A တိုက်လေယာဉ်အစင်း ၄ဝ ကိုမှာယူ ထားခြင်းဖြစ်သည်။ အမေရိကန်အစိုးရသည်  အဆိုပါ တိုက်လေယာဉ်များကို တောင်ကိုရီးယားသို့ မလွှဲပြောင်းမီ တောင်ကိုရီးယားလေယာဉ်မှူး  များကို အရီဇိုးနား ပြည်နယ်ရှိ လေတပ်အခြေ စိုက်စခန်းတစ်ခု၌ လေ့ကျင့်သင်ကြားပေးထား ပြီးဖြစ်သည်။

မြောက်ကိုရီးယားလေတပ်က  လက်ရှိ အသုံးပြုနေသည့် တိုက်လေယာဉ် များတွင် MiG-21၊ Su-25?၊MiG-23နှင့် MiG-29 တို့ပါဝင်ပြီး အများစုမှာ  ဆိုဗီယက်ထုတ် လေယာဉ်များဖြစ်သည်။   

Ref: Sputnik

Read 74 times Last modified on Tuesday, 09 April 2019 13:37