SJ WorldNews - шаблон joomla Авто

အီရန်က အမေရိကန်စစ်ဘက်ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်

Wednesday, 10 April 2019 13:55 font size decrease font size decrease font size increase font size increase font size

တီဟီရန်၊ စစ်ရေး

အမေရိကန်အစိုးရက အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းကို အီရန် က တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အရှေ့ အလယ်ပိုင်းစစ်ဌာနချုပ် (US CENTCOM) နှင့် ထိုဌာနချုပ်နှင့် ဆက်နွှယ်နေသည့် အခြားတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း Press TV သတင်း ဌာနက ဖော်ပြသည်။

အမေရိကန်အစိုးရ၏ တရားမဝင်လုပ် ဆောင်ချက်ကိုတုံ့ပြန်သည့်အနေဖြင့်  အီရန်ခေါင်းဆောင်များက  အမေရိကန် နိုင်ငံကို  အကြမ်းဖက်မှုအား ထောက်ပံ့နေသည့်နိုင်ငံ အဖြစ်ကြေညာခဲ့ပြီး အီရန်၏နိုင်ငံတော်လုံခြုံ US  CENTCOM   နှင့်  အခြားတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

အီရန်၏  အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဖြစ်သည် ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဧပြီ  ၈ ရက်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်ဖွဲ့နှင့် စီးပွားရေးအရဆက်ဆံပါက အမေ  ရိကန်အစိုးရ၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးချက်ထုတ်ပြန်ထားသည်။ အစ္စလာမ် မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အမေရိ ကန်အစိုးရက အကြမ်းဖက်အဖွဲ့စာရင်းသို့ ထည့်သွင်းရန်စီစဉ်နေစဉ် အီရန်ခေါင်းဆောင် များက အမေရိကန်ကို သတိပေးပြီး ဒေသတွင်း ရှိ အမေရိကန်စစ်ဘက်ကို IS စစ်သွေးကြ အဖွဲ့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်မည်ဟု သတိပေးခဲ့ကြောင်း သိရသည်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဆီးရီးယားစစ်ဘက်အား အကူ အညီပေးနေပြီး အမေရိကန်က အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ထားသော ဟားမက် နှင့် ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့များကို လည်း ထောက်ခံနေသည်ဟု အမေရိကန် အစိုးရကစွပ်စွဲထားသည်။  

Ref: Sputnik

Read 122 times Last modified on Wednesday, 10 April 2019 13:55