SJ WorldNews - шаблон joomla Авто

ဂျပန်၏ F-35 တိုက်လေယာဉ်ပျက်ကျမှုအတွက် ခေါင်းခဲနေရသည့် အမေရိကန်

Thursday, 11 April 2019 13:07 font size decrease font size decrease font size increase font size increase font size

စစ်ရေးမှတ်စု

ဂျပန်လေတပ်မှ F-35 တိုက်လေယာဉ် တစ်စင်းသည်    နိုင်ငံမြောက်ပိုင်းအနီးရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့    ပျက်ကျ သွားသည်။

အကယ်၍ပျက်ကျသွားသည့်လေယာဉ်၏ တည်နေရာကို ရုရှား သို့မဟုတ် တရုတ်နိုင်ငံက ဦးစွာတွေ့ရှိသွားလျှင် အမေရိကန် နိုင်ငံ အနေဖြင့် လုံခြုံရေးဆိုင်ရာစိတ်မချရမှုများ ကိုဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်ပညာရှင် များက သတိပေးထားသည်။ လက်ရှိအချိန် တွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များက ပျက်ကျသွားသည့် လေယာဉ်၏ အစိတ် အပိုင်းတချို့ကို ရှာဖွေတွေ့ရှိပြီဟုပြောထားသော်လည်း လေယာဉ်မှူးမှာမူ ပျောက်ဆုံး နေဆဲဖြစ်သည်။

နောက်ဆုံးပေါ်နည်းပညာမြင့်လက်နက် စနစ်ဖြစ်သည့် F-35 တိုက်လေယာဉ်ထွက်ပေါ် လာရေးအတွက်   အမေရိကန် အစိုးရက  သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးရင်းနှီး မြှုပ်နှံမှုကိုလုပ်ခဲ့ရသည်။ ရင်းနှီးမြှုပ်နှံရသည့် ငွေကြေး ပမာဏမှာ   အမေရိကန်ဒေါ်လာ ၄ဝ၆ ဘီလီယံကျော်ဖြစ်သည်။ ထို့ကြောင့် F-35 တိုက်လေယာဉ်၏  လျှို့ဝှက်စနစ်များ မသက်ဆိုင်သူများထံ  မရောက်ရှိသွားဖို့က အမေရိကန်စစ်ဘက်အကြီးအကဲများ ခေါင်း မီးတောက်နေရသည့် ကိစ္စဖြစ်သည်။

တရုတ်နှင့်ရုရှားတို့ကလည်း ငွေမည်မျှပင် ပေးရပေးရ  F-35တိုက်လေယာဉ်နှင့်ပတ် သက်သည့်လျှို့ဝှက်ချက်များကို ရယူ သွားမည် ဖြစ်သည်။ အကယ်၍ ဂျပန်လေတပ်၏ F-35 တိုက်လေယာဉ်သာ ပစိဖိတ်သမုဒ္ဒရာကြမ်း ပြင်သို့ ရောက်ရှိသွားလျှင်   စစ်အေးကာလ နောက်ပိုင်း အကြီးမားဆုံးရေအောက်သူလျှို လုပ်မှုနှင့်တန်ပြန်ထောက်လှမ်းရေး လုပ်မှုတို့ကိုမြင်တွေ့ ရနိုင်သည်ဟု အမေရိကန်အထက် လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှအကြီး  တန်းဦးစီး အရာရှိဟောင်း တွမ်မိုးက တွစ်တာ တွင်ရေးထားသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နှင့် ရုရှားတို့သည်   ပစိဖိတ် ဒေသ အတွင်း စစ်ရေးအင်အားကိုခိုင်မာစွာတည်ဆောက်ထားသောကြောင့်ဖြစ်သည်။

အလားတူ F-35တိုက်လေယာဉ်တစ်စင်းလုံးသည် စနစ်များအနက် စနစ်တစ်ခုဖြစ်ပြီး ၄င်း၏ ကိုယ်ပျောက်စွမ်းရည်ကပင် အဓိက အကျဆုံးစနစ်ဖြစ်နေကြောင်း   အီတလီ လေတပ်အရာရှိဟောင်းနှင့်  လေကြောင်း ကျွမ်းကျင်ပညာရှင် ဒေးဗစ် စန်စီ ယော့တီက ပြောသည်။  လေယာဉ်၏ပုံစံ၊  အင်ဂျင်နှင့် လေယာဉ်တည်ဆောက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအပြင် လေယာဉ်ကိုထိန်းချုပ်သည့် သန်းပေါင်းများစွာသော  ဆော့ဝဲကုတ်များသည် ရန်သူများအတွက် အရေး ပါသောအရာ များဖြစ်သည်။

အဆိုပါ F-35တိုက်လေယာဉ်သည် ဧပြီ  ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၂၇ မိနစ်တွင် အိုမိုရီစီရင်စုရှိ မီဆာဝါ လေတပ် အခြေစိုက်စခန်းမှ အရှေ့ဘက် ၁၃၅ ကီလို မီတာအကွာတွင် ပျံသန်းနေစဉ်  ရေဒါမှ ပျောက်ကွယ် သွားခြင်းဖြစ်သည်။

ယခုအခါတွင် ဂျပန်လေတပ်သည် F-35တိုက်လေယာဉ်အားလုံးကို ပျံသန်းခွင့်တားမြစ် ထားသည်။ ဂျပန် အစိုးရသည် F-35 တိုက် လေယာဉ်အစင်းရေ ၁၄၇ စင်းအထိ ဝယ်ယူ သွားမည်ဖြစ်သည်။

ထက်မြတ်

Ref: Fox News

Read 24 times Last modified on Thursday, 11 April 2019 13:08