SJ WorldNews - шаблон joomla Авто

ပြင်သစ်က စစ်သည်များနှင့် တင့်များကို ရုရှားနယ်စပ်အနီး ဖြန့်ကြက်မည်

Saturday, 20 April 2019 10:53 font size decrease font size decrease font size increase font size increase font size

ပြင်သစ်နိုင်ငံသည် ၎င်းတို့၏ စစ်သည်များနှင့် တင့်များကို ရုရှားနယ်စပ်အနီး၌ လာမည့် သီတင်းပတ်အတွင်း ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်တပ်ဖွဲ့ဝင် ၃ဝဝ ခန့် ပါဝင်သည့် တပ်ဖွဲ့တစ်ဖွဲ့ကို  ရုရှားနိုင်ငံနယ်စပ်မှ ကီလိုမီတာ ၁၄ဝ သာကွာဝေးသည့် အက်စတိုးနီးယားနိုင်ငံ တာပါမြို့၌ဖြန့်ကြက်သွားမည် ဖြစ်သည်။ ယင်းသို့တပ်များကိုဖြန့်ကြက်ခြင်းသည် ဘောတစ်ဒေသနိုင်ငံများနှင့် ပိုလန်နိုင်ငံတို့၌ NATO တပ်ဖွဲ့၏ စစ်ရေးအရ ပါဝင်မှုကိုမြှင့်တင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း အက်စတိုးနီးယားရှိ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။ ပြင်သစ်တပ်ဖွဲ့ဝင်များသည် တာပါမြို့၌  ယခုနှစ် သြဂုတ်လအကုန်ပိုင်းအထိ တပ်စွဲထားမည် ဖြစ်သည်။

ထို့ပြင်  Leclerc တင့်ငါးစီးနှင့် အခြားအမျိုးအစားတင့်  ၁၃ စီးအပါအဝင် တိုက်လေယာဉ် အစင်း ၂ဝ ကိုလည်း အက်စတိုးနီးယား နိုင်ငံသို့ မီးရထားဖြင့် ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြင်သစ်စစ်သည်များသည် အက်စတိုးနီးယား နိုင်ငံ၏   နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့်  Spring Stormစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြင်သစ်နှင့်  အက်စတိုးနီးယား တပ်ဖွဲ့ဝင်စုစုပေါင်း ၁ဝဝဝဝ ခန့်ပါဝင် လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။  

Read 52 times Last modified on Saturday, 20 April 2019 10:54