SJ WorldNews - шаблон joomla Авто

F-35 တိုက်လေယာဉ်များ အမေရိကန်ထံမှ ဂျပန် ဆက်လက်ဝယ်ယူသွားမည်

Sunday, 21 April 2019 13:00 font size decrease font size decrease font size increase font size increase font size

ဂျပန်အစိုးရက အမေရိကန်နိုင်ငံမှ F-35 တိုက်လေယာဉ်များကို ဆက်လက်ဝယ်ယူသွား မည်ဟု ကာကွယ်ရေးဝန်ကြီး တာခဲ့ရှီအီဝါယာက ဧပြီ ၂ဝ ရက်တွင်ပြောသည်။

ဂျပန်လေတပ်မှ F-35A တိုက်လေယာဉ် တစ်စင်းသည်   ယခုလအစောပိုင်းတွင်  လေ့ကျင့်ပျံသန်းစဉ်ပျက်ကျပြီးနောက် ထိုတိုက်လေယာဉ်များ ပျံသန်းခြင်းကို ယာယီရပ်ဆိုင်းရန် ဂျပန်အစိုးရ က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်  F-35 တိုက်လေယာဉ်များဝယ် ယူအသုံးပြုမည့်အစီအစဉ်ကို ပြောင်းလဲမည် မဟုတ်ကြောင်း တာခဲ့ရှီအီဝါယာ၏ပြောဆို ချက်ကိုကိုးကား၍ Kyodo သတင်းဌာနက ဖော်ပြသည်။ ထို့ပြင် တိုက်လေယာဉ်ပျက်ကျမှုကိုစုံစမ်းရာတွင် ဂျပန်အစိုးရအား အကူအညီ အပြည့်အဝပေးမည်ဟု အမေရိကန်အစိုးရ က ကတိပြုထားကြောင်း  ၄င်းကဆက်ပြော သည်။

F-35 တိုက်လေယာဉ်များကို အမေရိကန် နိုင်ငံက ၂ဝ၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ခြင်းဖြစ်ပြီး ယခုအချိန် အထိ နိုင်ငံ အနည်းငယ်တွင် သာ အသုံးပြုနိုင်သေးကြောင်း သိရသည်။

 

Ref: Sputnik

Read 108 times