SJ WorldNews - шаблон joomla Авто

တာလီဘန်တို့ လက်ချက်ထက် အမေရိကန်တို့ လက်ချက်ကြောင့် အာဖဂန်ပြည်သူများ ပိုမိုသေဆုံးနေရ

Thursday, 25 April 2019 10:50 font size decrease font size decrease font size increase font size increase font size

ယနေ့အချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ အတွင်းရှိ အာဖဂန်ပြည်သူများသည် တာလီဘန်နှင့် အခြားသောင်းကျန်းသူများ၏ တိုက်ခိုက်မှုထက် အမေရိကန်နှင့် အစိုးရတပ်ဖွဲ့တို့ ၏ တိုက်ခိုက်မှုကြောင့် ပိုမိုသေဆုံးနေရကြောင်း ကုလသမဂ္ဂ၏ ဧပြီ ၂၄ ရက်ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တာလီဘန်တို့သည် ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဖြစ်လာသော်လည်း ယခုအချိန်တွင် ယခင်ကထက်  အာဖဂန်နယ်မြေ အများအပြားကို ပိုမိုထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်ဘက်က တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်းနေစဉ်မှာပင် လေကြောင်းမှ တိုက်ခိုက်မှုများကို  တိုးမြှင့်ပြုလုပ်လာသောကြောင့်  အာဖဂန်အရပ်သားများ သေဆုံးမှု ပိုမိုများပြားလာရခြင်း ဖြစ်သည်။

၂ဝ၁၉ ခုနှစ် ပထမသုံးလအတွင်း သေဆုံး သည့် အာဖဂန်အရပ်သား ၃ဝ၅ ဦးမှာ အမေ ရိကန်နှင့်  အာဖဂန်တပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၂၂၇ ဦးမှာ သောင်းကျန်းသူ အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု  အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ကူညီထောက်ပံ့ ပေးရေး မစ်ရှင် (Unama)၏ သုံးလပတ်အစီရင် ခံစာတွင် ဖော်ပြထားသည်။

Unama သည် ထိုကဲ့သို့ အရပ်သားများ သေဆုံးမှုစာရင်းကို ၂ဝဝ၉ ခုနှစ်ကတည်းက  ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ အမေရိကန်နှင့် အစိုးရတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု များပြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့် ကန့်သတ်ထားမှုကို ဖြေလျှော့ပြီး တာလီဘန်တို့၏ နေရာများကို စိတ်ကြိုက်ဗုံးကြဲရန် ခွင့်ပြု ပေးခဲ့သည်။ ထိုအချိန်မှစ၍  အမေရိကန် စစ်ဘက်က အာဖဂန်နစ္စတန်၌ ၎င်းတို့၏ စစ်ရေးအရှိန်ကို တိုးမြှင့်လာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်၌ အမေရိကန်ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များရှိသော်လည်း အခြားနိုင်ငံများက  နည်းစနစ်ပိုင်းဆိုင်ရာ သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေး အတွက်သာ ထောက်ပံ့ပေးခြင်းဖြစ်သည်။ အမေရိကန် စစ်လေယာဉ် များကသာ   ဗုံးကြဲမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။  အာဖဂန်နစ္စတန် လေတပ်ကလည်း အမေရိကန်နီးပါး တိုက်ခိုက်မှုများ လုပ်ဆောင်သည်။

သို့သော် ပြီးခဲ့သည့်နှစ်  ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက အရပ်သား သေဆုံးမှု ၂၃ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု  Unama ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ပြီးခဲ့ သည့်နှစ်  ပထမသုံးလပတ်တွင်  ဒဏ်ရာရ သေဆုံးသူ စုစုပေါင်း ၁၇၇၃ ဦးရှိပြီး သေဆုံးသူ  ၅၈၁  ဦးနှင့်  ဒဏ်ရာရသူ  ၁၁၉၂  ဦးရှိသည်။

၂ဝ၁၈  ခုနှစ်တစ်နှစ်လုံးကမူ အာဖဂန်အရပ်သား သေဆုံးသူ   အများဆုံးဖြစ်ကာ ၃၈ဝ၄ ဦးရှိသည်ဟု Unama ၏ ထုတ်ပြန်ချက်အရ သိရသည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ခိုက်မှုများတွင် ပါဝင်နေသူများ အားလုံးအနေဖြင့် အရပ် သားများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို မလုပ်ဆောင်ရန်နှင့် အရပ်သားများဘေး ကင်း လုံခြုံရေးကို ပိုမိုဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် Unama အဖွဲ့ခေါင်းဆောင် တာဒါမီချီယာမာမိုတိုက  တောင်းဆိုထားသည်။

ထက်မြတ်

Read 365 times Last modified on Thursday, 25 April 2019 10:50