SJ WorldNews - шаблон joomla Авто

ဂျပန်က F-35 တိုက်လေယာဉ် ၁ဝ၅ စင်း ထပ်ဝယ်မည်

Tuesday, 28 May 2019 10:11 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံမှ F-35 တိုက်လေယာဉ် ၁ဝ၅ စင်းထပ်ဝယ်ရန် စီစဉ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၇ ရက်တွင် ပြောသည်။

အမေရိကန် အစိုးရအနေဖြင့် ဂျပန်အစိုးရ၏ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်မည့် အစီအစဉ်ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ မကြာသေးမီကလည်း ဂျပန်နိုင်ငံသို့ စစ်လက်နက်ပစ္စည်း အမြောက်အမြား ပို့ဆောင်ပေးထားပြီး ဖြစ်ကြောင်း ထရမ့်က ပြောသည်။

 

ဂျပန်အစိုးရသည် F-35 တိုက်လေယာဉ်များ ဝယ်ရန် ကနဦး အဆိုပြုချက်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် အစိုးရထံ တင်သွင်းခြင်း ဖြစ်ပြီး၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဝယ်ယူမည့် တိုက်လေယာဉ်ပမာဏကို တိုးမြှင့် သတ်မှတ်သည်။

 

ထိုပမာဏတွင် မူလအဆိုပြုထားသည့် F-35A တိုက်လေယာဉ် ၄၂ စင်းအပြင် နောက်ထပ် ၆၃ စင်နှင့် F-35B ၄၂ စင်း ပါဝင်လာသည်။

 

ထို့ကြောင့် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်များအနက် F-35 တိုက်လေယာဉ် အများဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်လာသည်။

 

Ref: Sputnik

 

 

Read 83 times Last modified on Tuesday, 28 May 2019 10:15