SJ WorldNews - шаблон joomla Авто

ယာဉ်တင် လေယာဉ်ပစ်စက် အမြောက်အသစ်ကို တရုတ် ထုတ်ဖော်ပြသ

Thursday, 30 May 2019 10:17 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ စစ်ရေး

ဒရုန်းများနှင့် ခရု(စ်) ဒုံးကျည်များကဲ့သို့သော လက်နက်များကို ပစ်ချနိုင်မည့် ယာဉ်တင်လေယာဉ်ပစ်စက် အမြောက် အသစ်ကို တရုတ် စစ်ဘက်ကထုတ်ဖော်ပြသကြောင်း  သိရသည်။                     

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်အနေဖြင့် အမြောက်နှင့်လေကြောင်းရန်ကာကွယ်ရေးအကယ်ဒမီကျောင်း၏ စစ်ရေး လေ့ကျင့်မှုတွင်   အဆိုပါစက်အမြောက်ကိုအသုံးပြုခြင်းဖြစ်သည်။

၃၅ မီလီမီတာစက် အမြောက်ကို ဘီးရှစ်ဘီးပါသော သံချပ်ကာ ယာဉ်ပေါ်တွင် တင်ထားခြင်းဖြစ်ကြောင်း PLA Daily သတင်း ဌာနမှ ထုတ်ပြန်သော ဓာတ်ပုံကို ကိုးကား၍ တရုတ်စစ်ဘက် လေ့လာ ဆန်းစစ်သူများက ပြောသည်။  

ထို့ပြင် ယင်းစက်အမြောက်သည်  နည်းပညာပြည့်စုံလာပြီး စစ်ဘက်တွင်အသုံးပြုနေပြီဖြစ်နိုင်ကြောင်း ပေကျင်းမြို့ အခြေစိုက် စစ်ရေးသုတေသီ ဝေဒေါင်ဆူက ပြောသည်။

အဆိုပါ     ယာဉ်တင်လေယာဉ်ပစ် စက်အမြောက်သည်  လျင်မြန်စွာရွေ့လျားနိုင်သည့် အပြင်    လမ်းကြမ်းဒေသများ တွင် လုပ်ဆောင်ရသောစစ်ဆင်ရေးများအတွက် ပိုမိုသင့်တော်ကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ကျယ်ပြန့်သောလေကြောင်း ပိုင်နက်အတွင်းတိုက်ခိုက်နိုင်ပြီး   ၄င်းကို ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲကာ  ရန်သူ များ၏ တိုက်ခိုက်မှုများမှ  လွတ်မြောက်နိုင်ကြောင်း စစ်ရေးသုတေသီများက ပြောသည်။

စစ်ရေးလေ့ကျင့်မှုသည် မေ ၁၇ ရက်တွင် စတင်ကာ မေ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။             

Ref: Global Times

.................

Read 83 times Last modified on Thursday, 30 May 2019 10:21