SJ WorldNews - шаблон joomla Авто

တာလီဘန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာပါက အလားတူ ဆောင်ရွက်ပေးရန် အသင့်ရှိဟု အာဖဂန်သမ္မတဆို

Wednesday, 05 June 2019 10:30 font size decrease font size decrease font size increase font size increase font size

တာလီဘန် စစ်သွေးကြွအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပါက အလားတူ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု အာဖဂန်သမ္မတ မိုဟာမတ်အာရှရက်ဂါနီက ဇွန် ၄ ရက်တွင်ပြောသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖော်ဆောင်ရန် အာဖဂန်အစိုးရက အမြဲတမ်း အသင့်ရှိသော်လည်း တာလီဘန်စစ်သွေးကြွ အဖွဲ့က ယင်းကိစ္စကို လက်ခံခြင်း မရှိကြောင်း ၎င်းကပြောသည်။

သုံးရက်ကြာသည့် မူဆလင်ဘာသာရေး ပွဲတော်ကာလအတွင်း အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖော်ဆောင်နိုင်မည်ဟု အာဖဂန်ပြည်သူများက မျှော်လင့်ထားသော်လည်း တာလီဘန်စစ်သွေးကြွ အဖွဲ့က ငြင်းဆိုထားကြောင်း အာရှရက်ဂါနီက ဆက်ပြောသည်။

အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းရာတွင် ရဲရင့်တက်ကြွကြောင်းနှင့် ၎င်းတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံ၏ လုံခြုံရေးကို မတည်မငြိမ် ဖြစ်စေမည့် အစိုးရကို ဆန့်ကျင်သည့် သောင်းကျန်းသူများ၏ အစီအစဉ်များကို ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ၎င်းက ချီးကျူးပြောဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုရန် အစိုးရ၏ တောင်းဆိုမှုကို တာလီဘန်စစ်သွေးကြွ ခေါင်းဆောင် မူလာ့ဟိုင်ဘူတူလာ့အာခွန်ဇာဒါက ထပ်မံငြင်းဆိုထားကြောင်း သိရသည်။

Ref: Xinhua

Read 54 times Last modified on Monday, 10 June 2019 15:17