SJ WorldNews - шаблон joomla Авто

နယူးဇီလန်က အီရတ်ရှိစစ်သည်များကို ရုပ်သိမ်းမည်

Tuesday, 11 June 2019 10:37 font size decrease font size decrease font size increase font size increase font size

ဝယ်လင်တန်၊ စစ်ရေး

နယူးဇီလန်အစိုးရသည်  အီရတ်နိုင်ငံ၌ဖြန့်ကြက်ထားသည့် စစ်သည်များကို ၂ဝ၂ဝ ပြည့်နှစ်ဇွန်လတွင် ရုပ်သိမ်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဂျာဆင်ဒါအာဒန်းက ဇွန် ၁ဝ ရက်တွင်ပြောသည်။

နယူးဇီလန်စစ်သည် ၉၅ ဦးကို အီရတ်၌ ဖြန့်ကြက်ထားပြီး အီရတ်စစ်သည်များအားလေ့ကျင့်သင်ကြားပေးခြင်းနှင့် IS စစ်သွေးကြွ တိုက်ဖျက်ခြင်းတို့လုပ်ဆောင်ရန် ၂ဝ၁၅ ခုနှစ် ကတည်းက သြစတြေးလျနှင့် ပူးပေါင်းထားခြင်း ဖြစ်သည်။

အီရတ်ရှိ စစ်သည်အရေအတွက်ကို ဇူလိုင် လမှစ၍အများဆုံး ၇၅ ဦးအထိ လျှော့ချမည်ဖြစ်ပြီး လာမည့်နှစ်ဇွန်လတွင် စစ်ဆင်ရေးကို အဆုံးသတ်မည်ဖြစ်ကြောင်း   ဂျာဆင်ဒါ အာဒန်းက  သတင်းစာရှင်းလင်းပွဲတွင်ပြော သည်။ နယူးဇီလန် စစ်သည်များသည် လက်ရှိတွင် ဘဂ္ဂဒက်မြို့မြောက်ဘက်ရှိ တာဂျီစစ် စခန်း၌  အီရန်စစ်သည်များအား လေ့ကျင့်ပေး နေခြင်းဖြစ်ပြီး ဆေးကုသရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး တို့တွင်လည်း ပါဝင်လုပ်ဆောင်သည်။ 

ယခုအချိန်အထိ  အီရတ်စစ်သည်  ၄၄ဝဝဝ ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်သည်။

Ref: Reuters

..........

Read 33 times Last modified on Tuesday, 11 June 2019 10:37