SJ WorldNews - шаблон joomla Авто

တရုတ်က အီရန်နှင့်ဆက်ဆံရေးတိုးမြှင့်မည်

Saturday, 15 June 2019 14:21 font size decrease font size decrease font size increase font size increase font size

အခြေအနေများ  မည်သို့ပင် ပြောင်းလဲ စေကာမူ တရုတ် အစိုးရသည် အီရန်နှင့် ဆက်ဆံရေးကို တိုးမြှင့်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အီရန် သမ္မတ ဟက်ဆန်ရူဟာနီကို ဇွန် ၁၄ ရက်တွင်ပြောသည်။

အိုမန် ပင်လယ်ကွေ့၌ ဖြစ်ပွားသည့် လောင်စာ ဆီတင် သင်္ဘောများ တိုက်ခိုက် ခံရမှု အတွက် အီရန်၌ တာဝန်ရှိသည်ဟု    အမေရိကန် အစိုးရက စွပ်စွဲပြီးနောက် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှက်မြို့၌ ကျင်းပသည့်  ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဆွေးနွေးပွဲ၏ ဘေးပန်းတွေ့ဆုံပွဲ၌  ရှီကျင့်ဖျင်က ဟက်ဆန်ရူဟာနီကို ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ စွပ်စွဲချက်ကို အီရန် အစိုးရက အပြင်းအထန် ငြင်းဆိုကာ အမေရိကန်၏ မဟာမိတ်များဖြစ်သည့် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် စစ်မက်ဖြစ်ပွား စေရန် လှုံ့ဆော်နေသည်ဟု ပြန်လည် စွပ်စွဲထားသည်။

ထို့ပြင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံများသည်  ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်စေရေး လုပ်ဆောင်မှုများ၊ မဆင်မခြင် ချမှတ်သော  အန္တရာယ်ကြီးသည့် မူဝါဒများကို ကာကွယ်ရာတွင်  နိုင်ငံတကာ၌ တာဝန်ရှိကြောင်း အီရန် အစိုးရ ကပြောထားသည်။

Ref: Reuters

Read 88 times