SJ WorldNews - шаблон joomla Авто

ဟူသီသူပုန်အဖွဲ့က ဆော်ဒီလေဆိပ်တစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက်

Saturday, 15 June 2019 14:23 font size decrease font size decrease font size increase font size increase font size

ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့သည် ဇွန် ၁၄ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံရှိ လေဆိပ် တစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း သိရ သည်။ ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံ ဆာနားမြို့ကို လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများက အတည်ပြုပြီးနောက် ဟူသီသူပုန်အဖွဲ့က  ထိုကဲ့သို့တိုက် ခိုက်ခြင်းဖြစ်သည်။

ဟူသီသူပုန်အဖွဲ့သည် လွန်ခဲ့သောနှစ်ရက် က ဆော်ဒီအာရေဗျနိုင်ငံတောင်ပိုင်းရှိ အဘာလေဆိပ်ကို   ဒုံးကျည်ဖြင့်တိုက်ခိုက် ကြောင်းဝန်ခံထားပြီးနောက် ဇွန် ၁၄ ရက် တွင်လည်း  ထိုလေဆိပ်ကိုပင် ဒရုန်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ကြောင်း  Houthi ရုပ်မြင်သံကြားဌာနက ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်ကတည်းက ယီမင်ပြည်တွင်း စစ်တွင် ကြားဝင်စွက်ဖက်တိုက်ခိုက်မှုများလုပ် နေသည့် ဆော်ဒီဦးဆောင်သောညွန့်ပေါင်း အဖွဲ့သည် နိုင်ငံအတွင်းရှိအဘာလေဆိပ်နှင့်  ခါမစ်မူရှိတ်လေဆိပ်တို့ကို ပစ်မှတ်ထားတိုက် ခိုက်လာသော ဒရုန်းငါးစင်းကို ဖျက်ဆီးလိုက် နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဇွန် ၁၂ ရက်တွင်လုပ်ဆောင်သော ဟူသီ တို့၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦးဒဏ်ရာ ရရှိသော်လည်း ယခု တိုက်ခိုက်မှု တွင် ဒဏ်ရာ ရရှိသူ မည်မျှရှိသည်ကို ထုတ်ပြန် ထားခြင်း မရှိကြောင်း သိရသည်။

Ref: Reuters

Read 119 times