SJ WorldNews - шаблон joomla Авто

ပင်တဂွန်က နှလုံးခုန်သည့်ပုံစံကို စစ်ဆေးခြင်းဖြင့် မိတ်ဆွေ၊ ရန်သူခွဲခြားသော နည်းလမ်း အသုံး ပြုမည်

Sunday, 30 June 2019 12:36 font size decrease font size decrease font size increase font size increase font size

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်သည် လေဆာ ရောင်ခြည်တန်းများ အသုံးပြုပြီး နှလုံး ခုန်သည့်ပုံစံကို တိုင်းတာခြင်းဖြင့် ပဋိပက္ခဖြစ်ပွား နေသော နယ်မြေများ အတွင်းရှိ နေထိုင်သူ များမှာ မိတ်ဆွေ သို့မဟုတ် ရန်သူဖြစ်ကြောင်း ခွဲခြားစစ်ဆေးမည့် နည်းလမ်းကို အသုံးပြုရန် စီစဉ် နေသည်။

အဆိုပါ ရှေ့ပြေးပုံစံကို ဂျက်ဆန်ဟု အမည်ပေးထားပြီး အမေရိကန်အထူးတပ်ဖွဲ့ များအတွက် ရည်မှန်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဂျက်ဆန်သည် လေဆာ ရောင်ခြည် တန်းများကို ထုတ်လွှတ် ခြင်းဖြင့် လူတစ်ဦးစီ၏ အတုမရှိသော နှလုံးခုန်နှုန်း ပုံစံကို စက္ကန့်ပိုင်းအတွင်း စစ် ဆေး နိုင်သည်။

ထိုစနစ်သည် ၉၅ ရာခိုင်နှုန်း အထိတိကျ မှန်ကန်မှုရှိသည်။ မီတာ ၂ဝဝ အတွင်း ထိထိ ရောက်ရောက် အသုံးပြု နိုင်ခြင်းကြောင့် စစ်စခန်းများ၏ စစ်ဆေးရေး စခန်းများကဲ့သို့ နေ ရာများ အပြင် အခြားစစ်ဆေးရေး နေရာများ၌ အကောင်းဆုံး အသုံးချနိုင်သည်။

စစ်မြေပြင်တွင်မူ အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် ၎င်းတို့ လှုပ်ရှားရာ နယ်မြေအတွင်း အလုပ်လုပ်ကိုင် နေထိုင်လျက်ရှိသော လူတစ်ဦးချင်းစီကို စစ်ဆေးမှုများ မကြာခဏ လုပ် ဆောင် ရသည်။ ယင်းနယ်မြေအတွင်း နေထိုင်သူများ အနက် မည်သူက အကြမ်းဖက် သမား ဖြစ်သည်၊ မည်သူက အရပ်သားစစ်စစ် ဖြစ်သည်ကို ထိုသို့သော နည်းဖြင့် ခွဲခြားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်သည်များ အနေဖြင့် ထိုသူများကို အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် နှင့် မှန်မှန်ကန်ကန် စစ်ဆေးအတည်ပြုနိုင်ရန် လိုအပ်သည်။ အသေခံ ဗုံးခွဲသူများ နှင့် တိုက်ခိုက်မှု လုပ်မည့် အတွင်းလူများကို အဝေးမှနေ၍ စစ်ဆေးနိုင်ခြင်းသည် စစ်သည်များ၏ ဘေးကင်း လုံခြုံမှု အတွက် အကောင်းဆုံး ဖြစ်သည်။

ယခုတီထွင်ထားသည့် နည်းလမ်းတွင် အဓိကကျသော လေဆာသည် ပစ်မှတ်ထားခံရသူ တစ်ဦး၏ အရေပြားပေါ်ရှိ နှလုံးခုန်သည့်ပုံစံကို တိုင်းတာသည်။ လူတစ်ဦးချင်းစီ၏ နှလုံးခုန်မှု ပုံစံသည် အနည်းငယ် ကွဲပြား ခြားနားသည်။ထို့ကြောင့် နှလုံးခုန်မှုကြောင့် ဖြစ်ပေါ်သည့် ခန္ဓာကိုယ် အပြင်ဘက်ရှိ လှုပ်ရှားမှုကို  တိုင်းတာခြင်းဖြင့် ထိုသူသည် မည်သူမည်ဝါ ဖြစ် သည်ကို အတည်ပြု နိုင်သည်။ ထိုလေဆာသည် အဝတ်ကို အထပ်ထပ်ဝတ်ထားသူ တစ်ဦး၏ နှလုံး ခုန်သည့် ပုံစံကိုပင် တိုင်းတာ နိုင်သည်။

နှလုံးခုန်သည့် ပုံစံကို တိုင်းတာခြင်းဖြင့် စစ်ဆေးခြင်း နည်းလမ်းသည် ကျန်ရှိသော နည်း လမ်းများထက် ပိုမို အသုံးဝင်သည်။ ဥပမာအားဖြင့် မျက်နှာပြင်ဖတ် စစ်ဆေးခြင်း နည်းလမ်း သည် ပစ်မှတ်ထား ခံရသူက နေကာမျက်မှန် တပ်ထားသည့်အခါ သို့မဟုတ် တစ်ပါးသူ မမှတ် မိအောင် ရုပ်ဖျက်ထားသည့် အခါမျိုးတွင် တိကျစွာ အလုပ်မလုပ် နိုင်တော့ပေ။ လမ်းလျှောက် ဟန်ကို စစ်ဆေးခြင်း နည်းလမ်းသည်လည်း ပစ်မှတ်ထားခံရသူက ၎င်းအနေဖြင့် ပစ်မှတ်ထား ခံနေ ရသည်ကို သိရှိသွားချိန်တွင် လမ်းလျှောက်ဟန်ကို ပြောင်းလိုက်နိုင်သည့် အတွက် အသုံးဝင်မှု နည်းပါးသည်။

ယခုနည်းလမ်းတွင်မူ အားနည်းချက်များမှာ လေဆာက ပစ်မှတ်ထားခံရသူကို အပြည့်အဝ စစ် ဆေးရန် စက္ကန့် ၃ဝ လိုအပ်ခြင်း၊ ပစ်မှတ်ထား ခံရသူသည် ငြိမ်နေသည့် အချိန်တွင် ရှိနေရန် လိုအပ်ခြင်း တို့ဖြစ်သည်။ သို့သော် ထိုအားနည်းချက် များသည့် အသေးအဖွဲ့ များသာ ဖြစ် သည့်အပြင် တိကျမှုမှာ ၉၅ ရာခိုင်နှုန်း ရှိသည်။ ထို့ပြင် ပင်တဂွန် စစ်ဌာနချုပ် သည် ယင်း လေဆာ၏ ထိရောက်မှု အကွာအဝေးကို လက်ရှိမီတာ ၂ဝဝ မှ ထပ်မံတိုးမြှင့်နိုင်ရန် သုံးသပ် နေသည်။

Ref: PM

Read 42 times Last modified on Sunday, 30 June 2019 13:48