SJ WorldNews - шаблон joomla Авто

ဆီးရီးယားသို့ ကြည်းတပ်စေလွှတ်ရန် အမေရိကန်၏ တောင်းဆိုချက် ဂျာမနီငြင်းဆို

Tuesday, 09 July 2019 09:00 font size decrease font size decrease font size increase font size increase font size

IS စစ်သွေးကြွများကို ချေမှုန်းရာတွင် ဂျာမနီတပ်ဖွဲ့၏ ပါဝင်မှုကို ပိုမိုအားဖြည့်ရန်အတွက် ဆီးရီးယားသို့ ကြည်းတပ်စေလွှတ်ရန် အမေရိကန်၏ တောင်းဆိုမှုကို ဂျာမနီ အစိုးရက ဇူလိုင် ၈ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။

ဂျာမနီအစိုးရအနေဖြင့် IS အဖွဲ့ကို ဆက်လက်တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ထားသော်လည်း ကြည်းတပ်ကို စေလွှတ်ရန်မရှိကြောင်း ဂျာမနီအစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်စေဘာ့က ပြောသည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ လုပ်ဆောင်နေသော IS စစ်သွေးကြွချေမှုန်းမှုစစ်ဆင်ရေးတွင် ဂျာမနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ရန် အမေရိကန်က ဆန္ဒရှိကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံအမတ် ဂျိမ်းဂျက်ဖရေးက Die Welt သတင်းစာ အပါအဝင် ဂျာမနီသတင်းဌာနများကို ပြောသည်။

၎င်းသည် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ အလည်အပတ်ရောက်နေသဖြင့် ဂျာမနီတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေးနှင့် ပတ်သက်သော အဖြေကို ယခုလတွင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောသည်။

ဆီးရီးယား အရေးတွင် ဂျာမနီပါဝင် ပတ်သက်မှု လုပ်ပိုင်ခွင့်သည် ယခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို လွှတ်တော်က ချမှတ်ရမည်ဖြစ်သည်။

Ref: The Straits Times

Read 141 times Last modified on Tuesday, 09 July 2019 10:27