ရုရှားအစိုးရအနေဖြင့် တူရကီနိုင်ငံသို့ Su-35 တိုက်လေယာဉ်များရောင်းချပေးရေး အတွက် ဆွေးနွေးရန်အသင့်ရှိကြောင်း ရုရှား နိုင်ငံပိုင် ရော့စတက်ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဆာဂျီ ချီမီဇော့က ဇူလိုင် ၁၈ ရက်တွင်ပြော သည်။
တူရကီအစိုးရသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲတန်ဖိုးရှိ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူသည့်အတွက် အမေရိကန်အစိုးရက ၄င်းတို့၏ Su-35 တိုက်လေယာဉ်များ တူရကီ သို့ရောင်းချပေးရေး အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။ ထို့နောက် ဆာဂျီချီမီဇော့က ယခုကဲ့သို့ကမ်းလှမ်းခြင်းဖြစ်သည်။
ရုရှား၏ကမ်းလှမ်းမှုနှင့်ပတ်သက်၍ တူရကီ သမ္မတ ရီဆပ်တေယစ်အာဒိုဂန်ကပြောသည် ဟု တူရကီစစ်ဘက် သတင်း အရင်းအမြစ် တစ်ခု ကပြောသည်။ ရုရှားအစိုးရသည် ယခင်ကတူရကီသို့ Su-57 တိုက်လေယာဉ်များ ရောင်းချပေးရေး အတွက် ကမ်းလှမ်းဖူးကြောင်း သိရသည်။
အင်ဂျင်နှစ်လုံးတပ် တစ်ယောက်ထိုင် Su-35 တိုက်လေယာဉ်အများအပြားကို ရုရှားလေတပ်၌ လက်ရှိအသုံးပြုနေပြီး တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း မှာယူထားကြောင်းသိရသည်။
Ref: Sputnik