SJ WorldNews - шаблон joomla Авто

IS စစ်သွေးကြွများက အီရတ်နှင့်ဆီးရီးယားတို့၌ ပြန်လည်ခေါင်းထောင်ရန်ကြိုးပမ်းနေ

Sunday, 04 August 2019 11:11 font size decrease font size decrease font size increase font size increase font size

IS အစွန်းရောက်စစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင်များသည်  အီရတ်နှင့်ဆီးရီးယား ရှိ ၄င်းတို့၏ အမာခံ နယ်မြေများ၌ ပြန်လည် ခေါင်းထောင်လာရန် ကြိုးပမ်း နေပြီး အင်အား စုဖွဲ့နေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်ပညာရှင်များ၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထား သည်။

ထိုသို့ လုပ်ဆောင်မှုသည်  အီရတ်နိုင်ငံ၌ ပိုမိုသိသာကြောင်း၊ IS အဖွဲ့ခေါင်းဆောင် အဘူဘေကာ အယ်ဘဂ္ဂဒါဒီနှင့် ကျန်ခေါင်းဆောင်များ အခြေချနေသည့် အတွက်ဖြစ် ကြောင်း လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

အလားတူ ဆီးရီးယားနိုင်ငံတွင်လည်း IS အဖွဲ့၏ လျှို့ဝှက်ကွန်ရက်များပျံ့နှံ့နေပြီး လျှို့ဝှက်အဖွဲ့ဝင်များ၏ အင်အားစုမှာလည်း ပြည်နယ်တစ်ခုအဆင့်တွင်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်   ဆက်လက်ဖော်ပြထား သည်။ အယ်ကိုင်ဒါအဖွဲ့နှင့်ပတ်သက်၍မူ  ထိုအဖွဲ့သည် တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက် မှုအပေါ် ကြီးမားသောအကျိုးသက်ရောက်မှု  ရှိ၊ မရှိကိုမသိရသေးသော်လည်း လက်ရှိတွင်  မပြိုကွဲသေးဘဲ  ကြံ့ကြံ့ခံနိုင်နေသည့်အဖွဲ့ ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် အိုင်မန်အယ်ဇာ ဝါဟီရီမှာ    ကျန်းမာရေးမကောင်းကြောင်း  ကျွမ်းကျင်ပညာရှင်များက အစီရင်ခံစာတွင် ရေးထားသည်။

IS စစ်သွေးကြွ အဖွဲ့ပြန်လည်ခေါင်းထောင် ရန်ကြိုးပမ်းမှုကြောင့် ကြီးစွာသောခြိမ်းခြောက် မှုများနှင့် ရင်ဆိုင်ရမည့်ဒသများမှာ  အာရှ ဒေသ အလယ်ပိုင်းနှင့် အရှေ့တောင် အာရှ ဒေသတို့ဖြစ်ကြောင်း သိရသည်။

Ref: AP

Read 54 times Last modified on Monday, 05 August 2019 08:03