SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်က အမေရိကန်၏ ဒုံးကျည်များကို မည်သည့်အခါမျှ ဖြန့်ကြက်ခွင့်မပြု

Friday, 09 August 2019 11:36 font size decrease font size decrease font size increase font size increase font size

မနီလာ၊ နိုင်ငံရေး

ဖိလစ်ပိုင်မြေပေါ်၌ အမေရိကန်၏ဒုံးကျည် များကို မည်သည့်အခါမျှ ဖြန့်ကြက်ခွင့်မပြုဟု ဖိလစ်ပိုင်သမရိုဒရီဂို ဒူတာတေက ကြေညာသည်။

အမေရိကန်နှင့်ဖိလစ်ပိုင်ကြား ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံ များမှ စစ်လက် နက်များဝင်ရောက်ဖြန့်ကြက်မှုကို ဟန့်တား မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအတွင်း ထိုသို့ တပ်ဖြန့် ချထားခြင်းသည် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒူတာတေကပြောသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း  အမေရိကန်၏ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များ တပ်ဖြန့်မည် ဟု သတင်းစာတစ်စောင်တွင် ရေးသားဖော်ပြ ထားကြောင်း၊  သို့သော်  ယင်းကိစသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ကြောင်း ဒူတာတေက    သမတရုံး၌ ကျင်းပသည့် ဖိလစ်ပိုင်-တရုတ် စီးပွားရေးခေါင်းဆောင်များ ဆွေးနွေးပွဲတွင်ပြောသည်။

ထို့ပြင် နိုင်ငံအတွင်း၌ ပြည်ပနိုင်ငံများမှ မည်သည့်တပ်ဖွဲ့ဝင်ကိုမဆို တပ်ဖြန့်ခွင့်ပြုမည် မဟုတ်ဟု ၎င်းက ဆက်ပြော သည်။

အမေရိကန်သည် သြဂုတ် ၂ ရက်တွင် ရုရှားနှင့်ချုပ်ဆိုသည့် တာလတ်ပစ်နျူကလီး ယားသဘောတူစာချုပ် (INF) မှ တရားဝင် နုတ်ထွက်သည်။

ထိုသို့နုတ်ထွက်ပြီးနောက် အာရှ-ပစိဖိတ် ဒေသတွင် တာလတ်ပစ်ဒုံးကျည်များတပ်ဖြန့်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။

အာရှ-ပစိဖိတ်ဒေသ၌ လပိုင်းအတွင်း တာလတ်ပစ်ဒုံးကျည်များ တပ်ဖြန့်ချထားရန် ဆန်္ဒရှိကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး မာ့အက်စပါက ပြီးခဲ့သည့် သီတင်းပတ်တွင် ဆစ်ဒနီမြို့၌ သတင်းထောက်များကို ပြောခြင်းဖြစ် သည်။       

Ref: Xinhua

Read 37 times Last modified on Friday, 09 August 2019 11:37