SJ WorldNews - шаблон joomla Авто

နိုင်ငံအတွင်းမှ တူရကီ တပ်ဖွဲဝ့င်များ ရုပ်သိမ်းပေးရန် ဆီးရီးယားတောင်းဆို

Monday, 16 October 2017 08:54 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် အောက်တိုဘာ ၁၅

တူရကီအစိုးရ တပ်ဖွဲ့ဝင်များနှင့် စစ်ယာဉ်တန်းများသည် ဆီးရီးယားနိုင်ငံ အိုင်းဒလစ်ပြည်နယ်သို့ ဝင်ရောက်လာပြီးနောက် ရက်အနည်းငယ် အကြာတွင်

နိုင်ငံအတွင်း တူရကီ တပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားမှုကို ဆီးရီးယားအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချသည်။နိုင်ငံ အတွင်းမှ တူရကီတပ်ဖွဲ့ဝင်များကို ချက်ချင်းပြန်လည် ရုပ်သိမ်းပေးရန် အစိုးရကတောင်း ဆို ထားကြောင်း ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ခု၏ပြောဆိုချက်ကိုကိုးကား၍ SANA သတင်း ဌာန ကဖော်ပြသည်။

အိုင်းဒလစ်ပြည်နယ်အတွင်း တူရကီတပ်ဖွဲ့တပ်စွဲထားခြင်းကို အစိုးရကပြင်းပြင်းထန်ထန်ရှုတ်ချပြီး တူရကီတပ်ဖွဲ့၏ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် နိုင်ငံ၏အချုပ် အခြာအာဏာကို ထိပါးစော်ကားရာရောက်ကာ နိုင်ငံ တ ကာဥပဒေနှင့် သတ်မှတ်ချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်ကြောင်း တာဝန်ရှိသူတစ်ဦးက SANA သတင်းဌာ နသို့ပြောသည်။

ရုရှား၊ အီရန်နှင့် တူရကီတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အက်စတာနာမြို့၌ပြုလုပ်သော ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ နောက်ဆုံး အကြိမ်တွင် ဆီးရီးယားနိုင်ငံ၌ တူရီစစ် ဘက်တပ်ဖြန့်ချထားမည်ဟူသော သဘော တူညီ ချက် တစ်စုံ တစ်ရာချမှတ်ခဲ့ခြင်းမျိုး လုံးဝ မရှိဟု ၎င်းကဆိုသည်။ တူရကီနိုင်ငံမှ အထူး တပ်ဖွဲ့ဝင်များအပါ အဝင် အစိုးရတပ်ဖွဲ့ဝင်များနှင့် သံချပ်ကာယာဉ်အစီး၃ဝ သည် အောက်တိုဘာ ၁၂ ရက်တွင် အိုင်းဒ လစ်ပြည်နယ်ရှိ စစ်မက်ဖြစ်ပွားမှုလျှော့ချရေးဇုန်အတွင်းသို့ ဝင်ရောက် လာပြီး တပ်စွဲထားသဖြင့် ဆီးရီးယားအစိုးရကပြစ်တင်ရှုတ်ချထားခြင်းဖြစ်သည်။

တူရကီတပ်ဖွဲ့ဝင်များ အိုင်းဒလစ်ပြည်နယ်သို့ သွားရောက်ရခြင်းမှာ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ အကူ အညီများအမှန် တကယ်ရောက်ရှိမှု ရှိ၊ မရှိကို လေ့ လာစောင့်ကြည့်ရေးအတွက်ဖြစ်ကြောင်း၊ ထို့နောက်တွင် တူရကီ နိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်း တူရကီ စစ်ဦးစီး အရာရှိ ချုပ်ကဆိုသည်။ အိုင်းဒလစ်ပြည်နယ်အတွင်းရှိ အယ်နျူဆရာတပ်ဦးမှ အကြမ်းဖက် သမားများ ကို တိုက် ခိုက်ရာတွင် ဆီးရီးယားလွတ်မြောက်ရေးတပ်မတော်အား တူရကီ တပ်မ တော်က ကူညီမည်ဖြစ်ကြောင်း တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်က အောက်တိုဘာ ၇ ရက်တွင်ကြေညာထားသည်ဟု သိရသည်။

Read 82 times Last modified on Monday, 16 October 2017 09:54