SJ WorldNews - шаблон joomla Авто

မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၁၉ ဦးသေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရ

Monday, 16 October 2017 09:20 font size decrease font size decrease font size increase font size increase font size

မိုဂါဒစ်ရှူး အောက်တိုဘာ ၁၅

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ အောက်တိုဘာ ၁၄ ရက်တွင် ကားဗုံးခွဲ တိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၁၈၉ ဦး သေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိကြောင်း လုံခြုံရေး တပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် မြို့တော်၏ ဟိုဒန်အရပ်ရှိ ဆာဖာရီဟိုတယ်ကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ မိုဟာမက် ဟူစိန်က ပြောသည်။ အဆိုပါ ဟိုတယ်သည် ဆိုမာလီယာ နိုင်ငံခြားရေး ဝန်ကြီးဌာန အနီးတွင် တည်ရှိကြောင်း သိရသည်။ ဟိုတယ်သည် တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားပြီး လူအများအပြားမှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည့် အပျက်အစီးများ အကြားတွင် ပိတ်မိနေကာ ၎င်းတို့ကို ကယ်ဆယ်နိုင်ရန် အတွက် ကယ်ဆယ်ရေး အဖွဲ့များက ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ ကားဗုံးခွဲ တိုက်ခိုက်မှုသည် ၂ဝဝ၇ ခုနှစ်မှစ၍ မြို့တော်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများ အနက် အပြင်းထန်ဆုံး အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အအုံ များမှ ပြတင်းပေါက်များ ပျက်စီးကာ လမ်းမပေါ်တွင် ရပ်ထားသည့်ကားများ မီးလောင်သွားကြောင်း မျက်မြင်သက်သေများက ဆိုသည်။ တိုက်ခိုက်မှုသည် အမေရိကန် စစ်ဘက်၏ အာဖရိက စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူများက ဆိုမာလီယာ သမ္မတနှင့် မိုဂါဒစ်ရှူး၌ တွေ့ဆုံပြီးနောက် နှစ်ရက်အကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုသည် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို ဆိုမာလီယာ အာဏာပိုင်များက အတိအကျ ထုတ်ပြန်ထားခြင်း မရှိသော်လည်း ထိုသို့သော တိုက်ခိုက်မှု မျိုးကို အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

 

Read 163 times Last modified on Monday, 16 October 2017 09:50