SJ WorldNews - шаблон joomla Авто

မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်လုံးကို စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်၊ ၂၅ ဦးသေဆုံး

Monday, 30 October 2017 08:42 font size decrease font size decrease font size increase font size increase font size

မိုဂါဒစ်ရှူး အောက်တိုဘာ ၂၉

အစ္စလာမ်မစ် စစ်သွေးကြွများသည် ဆိုမာလီယာ နိုင်ငံ၏မြို့တော် မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ် တစ်လုံးကို ၁၂ နာရီနီးပါးကြာ စီးနင်း တိုက်ခိုက်ရာ လူ ၂၅ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ဝင် များက အောက်တိုဘာ ၂၉ ရက်တွင် ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူများသည် ရဲတပ်ဖွဲ့ဝင်များ၊ ဟိုတယ် လုံခြုံရေးများနှင့် တည်းခိုနေထိုင် သူများဖြစ်ပြီး သေဆုံးသူ အရေအတွက်သည် မြင့်တက်နိုင်ကြောင်း သိရသည်။ စစ်သွေးကြွ အချို့သည် ရုပ်ဖျက်ပြီး ဒေသခံ ပြည်သူများနှင့် အတူရောနှော၍ လွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ မိုဟာမက် ဟူစိန်က Reuters သတင်းဌာနသို့ ပြောသည်။ ရဲတပ်ဖွဲ့ဝင် များသည် စစ်သွေးကြွ သုံးဦးကို အသက်ရှင်လျက်   ဖမ်းဆီးနိုင်ကြောင်းနှင့် ကျန်နှစ်ဦးသည် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကို အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီတွင် ကားဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် အတူ စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် သမားများသည် ကားဗုံးခွဲတိုက်ခိုက် ပြီးနောက် အဆောက်အအုံကို စီးနင်း အကြမ်းဖက်မှု လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို အယ်ရှာဘတ် စစ်သွေးကြွများက ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၂၈ ရက်တွင်ပြောထားသည်။ ယင်းစစ်သွေးကြွ အဖွဲ့သည် ကုလသမဂ္ဂက ထောက်ခံသည့် အစိုးရကို ဖြုတ်ချကာ အစ္စလာမ်မစ် ဥပဒေကို အသက်သွင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

Read 62 times Last modified on Monday, 30 October 2017 10:15