SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

ကျွန်တော့်စိတ်ထဲ ထောင်းခနဲဖြစ်သွားသည်။ လက်ထဲကိုင်ထားသော လက်ဖက်ရည် အပြည့်နှင့် မတ်ခွက်ကိုမြေကြီးပေါ် ပစ်ပေါက်လိုက်သည်။ မကျေနပ်သေး။ ကဲကွာ၊ ကဲကွာဟု တောစီးဖိနပ်နှင့် ဆင့်ကာဆင့်ကာ ကန်လိုက်သည်။ လက်ဖက်ရည်တွေ လွင့်စဉ်ပြီး မတ်ခွက်လေးက တောင်စောင်းအတိုင်း ကျသွားတော့သည်။ မကျေနပ်သေး။

စင်ကာပူ အောက်တိုဘာ ၃၁

အိုင်ယာလန်မှ ရော့ခ်တေးဂီတ အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သည့် The Script သည် လာမည့်နှစ်တွင်   စင်ကာပူနိုင်ငံ၌ သွားရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

လော့အိန်ဂျလိ အောက်တိုဘာ ၃၁

ကမ္ဘာကျော် အဆိုတော် တစ်ဦးဖြစ်သည့် ဆယ်လီနာဂိုမက်ဇ်မှာ ချစ်သူနှင့်လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြထားသည်။

ရန်ကုန် အောက်တိုဘာ ၃၁

ယခုနှစ် အောက်တိုဘာ တတိယပတ်အထိ တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ နေ့ချင်းပြန် ပြည်ပခရီးသွား ဧည့်သည်ဦးရေ လေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

တောင်ကုတ် အောက်တိုဘာ  ၃၁

ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာခုနစ်ရွာကို တောတိုးဓလေ့ ကင်းစင်ရေးအတွက် စီစဉ် ဆောင်ရွက်နေပြီး ကျေးရွာသုံးရွာအား တောတိုးဓလေ့ ကင်းစင်ရေး ရွာအဖြစ် မကြာမီ ကြေညာနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို ဆောင်ရွက်နေသည့်   ချမ်းမြေ့မေတ္တာ ဖွံ့ဖြိုးရေး အသင်းမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၃၁

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် World Barista Championship 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအဖျော်ဆရာ အသင်း အတွင်းရေးမှူး ဦးဇော်ဖုန်းက ဒိုင်လူကြီးအဖြစ် သွားရောက် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် အောက်တိုဘာ ၃၁

နေပြည်တော်လေဆိပ်၌ Hotel ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း ထံမှ မူးယစ်ဆေးဝါး၊ ဆက်သွယ်ရေးစက်၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် စစ်ဆေးဖော်ထုတ်မှု အရ WY စိတ်ကြွဆေးပြား ၂၂ ပြား၊ ICE ၄ ဒသမ ၅၅ ဂရမ်ခန့်နှင့် စိတ်ကြွဆေးပြား သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ပစ္စတိုသေနတ် ၁၄ လက် (အပျက်တစ်လက် အပါအဝင်) နှင့် ၎င်းကျည် ၁ဝ၈၂ တောင့်၊ မောင်းပြန်ရိုင်ဖယ် ခြောက်လက် (အပျက် တစ်လက်၊ မောင်းတုံးမပါ တစ်လက်)၊ ၎င်းကျည် ၁၂၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့/ ပလတ်စတစ် ဘောစေ့ဖြင့် ပစ်ခတ်ရသည့် သေနတ်လေးလက် (ပလတ်စတစ်/သံကိုယ်ထည် ပစ္စတိုပုံစံသုံးလက်၊ M-16 ပုံစံတစ်လက်)၊ စကားပြောစက် ၃၅ လုံး (အထိုင်စက် သုံးလုံးပါ)နှင့် ဆက်စပ်ပစ္စည်းများ၊ Drone ၁၄ ခု (တရားမဝင် တံဆိပ်များ)၊ ကျည်ကာအင်္ကျီပုံစံ ချုပ်ထားသော  အမည်းရောင် တူညီဝတ်စုံ Waist Coat ၁၅ ထည်၊ ဒူးလေးသုံးလက် (ကြိုးပါ ၁၊ ကြိုးမပါ ၂)၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ကို ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၅ ဦးတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သဖြင့် အမှုပေါင်း ၁၇ မှုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော် အောက်တိုဘာ ၃၁

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ထောင်စု အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ခင်လှိုင် တက်ရောက်သည်။

ရန်ကုန် အောက်တိုဘာ  ၃၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ကြီးမှူး၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းနှင့် ဗုဒ္ဓဂယာ မဇ္ဈိမဒေသ ဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ၏ ပူးပေါင်းပါဝင် လှူဒါန်းမှုများဖြင့် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီး ကျောင်း၌ ဒသမအကြိမ် ဗုဒ္ဓဂယာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို  အောက်တိုဘာ၂၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

Page 1 of 164