SJ WorldNews - шаблон joomla Авто

တက္ကဆက် ပြည်နယ်၌ လူနေ အိမ်တစ်လုံး မီးလောင်၊ လေးဦး သေဆုံး

Monday, 27 November 2017 11:47 font size decrease font size decrease font size increase font size increase font size

ဟူစတန် နိုဝင်ဘာ ၂၆

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဒါးလက်မြို့အရှေ့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ ဂါးလန်းဒေသ၌ နိုဝင်ဘာ ၂၅ ရက်တွင် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားရာ ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးသေဆုံးကြောင်း ဂါးလန်း မီးသတ်ဌာန၏ ပြောဆိုချက်အရ သိရသည်။

မီးသတ်သမားများသည် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် လူနေအိမ်တစ်လုံး မီးလောင်ပြီး အတွင်း၌ လူ များပိတ်မိနေသည်ဟူသော သတင်းပေးပို့မှုကို လက်ခံရရှိသည်။ ထို့နောက် မီးသတ်သမားများသည် မီးလောင်ရာနေရာသို့ ချက်ချင်းရောက်ရှိလာကာ ကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း လူအားလုံးကို အသက်ရှင် လျက်ကယ်ဆယ်နိုင်ခြင်း မရှိကြောင်း မီးသတ်ဌာနကပြောသည်။ မီးလောင်မှု ဖြစ်ပွားနေချိန်တွင် လူနေအိမ် အတွင်း၌ လူကိုးဦးရှိရာ ငါးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်သော်လည်း လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦး ကို ကယ်ဆယ်နိုင်ခြင်း မရှိကြောင်း သိရသည်။ မီးလောင်မှုသည် နေအိမ်၏ နောက်ကျောဘက်မှ စတင်ဖြစ် ပွားခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းမဖြစ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း မီးသတ်အရာရှိများက ပြောသည်။

Read 307 times Last modified on Monday, 27 November 2017 12:07