SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အဂန်းမီးတောင် ပေါက်ကွဲနိုင်မှု အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

Monday, 27 November 2017 11:47 font size decrease font size decrease font size increase font size increase font size

ဂျကာတာ နိုဝင်ဘာ ၂၆

အင်ဒိုနီးရှား မီးတောင်နှင့် ပထဝီဝင်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေးဌာန (PVMBG) သည် နိုဝင်ဘာ ၂၆ ရက်တွင် အဂန်းမီးတောင်ပေါက်ကွဲနိုင်မှုနှင့် ပတ်သက်၍ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားရာမှ အနီရောင်အဆင့် သ တိပေးချက်သို့ တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အဂန်းမီးတောင်သည် နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ပြာမှုန်အမြောက်အမြားကို မှုတ်ထုတ်မှုကြောင့် အမြင့်ဆုံးအဆင့် သတိပေး ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒေသ စံတော်ချိန် နံနက် ၆ နာရီ မိနစ်၂ဝ တွင် စစ်ဆေးချက်အရ မီး တောင်မှ ပြာမှုန်များသည် တစ်နာရီလျှင် ၁၈ ကီလိုမီတာနှုန်းဖြင့် ပန်းထွက်လျက်ရှိပြီး မီးတောင်ထိပ်မှ မီတာ ၃ဝဝဝ နှင့် ၄ဝဝဝ အကြားအထိ ပြာမှုန်များရောက်ရှိကြောင်း သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင် စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူဂရိုဟိုက အစီရင်ခံစာ တစ်စောင်တွင်ပြောသည်။

မီးတောင်ပေါက်ကွဲနိုင်မှုနှင့် ပတ်သက်၍ သတိပေးချက် အနေဖြင့် အဆင့် ၃ အထိ တိုးမြှင့်ထားပြီး ဒေသခံ များအနေဖြင့် မီးတောင်မှ အချင်းဝက် ၆ မှ ၇ ဒသမ ၅ ကီလို မီတာအတွင်း နေထိုင်ခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ထားသည်။ သြစတြေးလျ၊ နယ်သာလန်နှင့် မလေးရှားနိုင်ငံ အတွင်းရှိ မြို့တော်များမှ ဘာလီကျွန်းသို့လာမည့် ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားသည်။ မီးတောင်ပေါက်ကွဲနိုင်မှု အခြေအနေကြောင့် နိုဝင်ဘာ ၂၅ ရက် ညပိုင်းနှင့် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဘာလီကျွန်းသို့ ပျံသန်းလာသည့် လေယာဉ်များကို လမ်းကြောင်း ပြန်လှည့်စေခဲ့ကြောင်း သိရသည်။

Read 395 times Last modified on Monday, 27 November 2017 12:07