SJ WorldNews - шаблон joomla Авто

ဆီးရီးယားသည် ကမ္ဘာပေါ်တွင် ပဋိပက္ခ အဖြစ်ပွားဆုံး နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်ဟု ကုလသမဂ္ဂဆို

Friday, 01 December 2017 11:48 font size decrease font size decrease font size increase font size increase font size

နယူးယောက် နိုဝင်ဘာ ၃ဝ

ဆီးရီးယား နိုင်ငံသား ထက်ဝက်ခန့်သည် ပြည်တွင်းစစ်ကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ် သောကြောင့် ဆီးရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဋိပက္ခအဖြစ်ဆုံး နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။

၂ဝ၁၇ ခုနှစ်၏ ပထမ ကိုးလအတွင်း ပျမ်းမျှအားဖြင့် ဆီးရီးယားပြည်သူ ၆၅ဝဝ ကျော်သည် နိုင်ငံအတွင်းမှ နေ့စဉ်ထွက်ပြေးနေရကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးအဖွဲ့မှ အကြီးအကဲမာ့လောင်း ကွတ်က လုံခြုံရေးေ ကာင်စီသို့ တင်ပြထားသည်။ ဆီးရီးယား အစိုးရတပ်များသည် ၂ဝ၁၆ ခုနှစ်တွင် IS စစ်သွေးကြွ ချေမှုန်းရေး ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်ပြုလုပ်စဉ် ကတည်းက နိုင်ငံအရှေ့မြောက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများနှင့် အပြန် အလှန်တိုက်ခိုက်မှုများကြောင့် ရက်ကာမြို့အတွင်းမှ လူဦးရေ ၄၃၆ဝဝဝ ကျော်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထို့ပြင် ဒါဒယ်တေ မြို့တော်တစ်ဝိုက်မှ ဒေသခံ ၃၅ဝဝဝဝ သည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း လောင်းကွတ်က ပြောသည်။ ဆီးရီးယားနိုင်ငံအတွင်း သွားလာရန် ခက်ခဲသည့် ဒေသများရှိ လူဦးရေ သုံးသန်းနီးပါးသည် အကြမ်းဖက် အဖွဲ့အစည်း၏ ဝန်းရံပိတ်ဆို့ထားခြင်းကို ခံနေရဆဲဖြစ်သည်။ ဒေသခံ ၄၂ဝဝဝဝ ခန့်သည် ဝန်းရံခံနေရ သောဒေသ ၁ဝ ခုအတွင်း ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၉၄ ရာခိုင်နှုန်းသည် ဒမတ်စကပ် မြို့တော်အနီး IS တို့ထိန်းချုပ်ထားဆဲဖြစ်သော အရှေ့ဂူတာနယ်မြေ၌ ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။

Read 307 times Last modified on Friday, 01 December 2017 11:50