SJ WorldNews - шаблон joomla Авто

တေလာဆန်ကို ရာထူးမှ ဖယ်ရှားရန် စီစဉ်နေသည်ဟူသော သတင်းကို အိမ်ဖြူတော် ငြင်းဆို

Saturday, 02 December 2017 08:02 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   ဒီဇင်ဘာ  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး  ရက်တေလာဆန်ကို ရာထူးမှ ဖယ်ရှားရန်  စီစဉ်နေသည်ဟူသော သတင်းပျံ့နှံ့နေမှုကို အိမ်ဖြူတော်က ငြင်းဆို လိုက်ပြီး  နိုင်ငံခြားရေး ဝန်ကြီးရာထူးတွင် အပြောင်းအလဲ မရှိဟု ထုတ်ပြန် လိုက်သည်။

ရာထူး အပြောင်းအလဲနှင့် စပ်လျဉ်း၍ အစိုးရ အဖွဲ့က  တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်းနှင့် တေလာဆန်သည် နိုင်ငံခြားရေး ဝန်ကြီးဌာနကို  ဆက်လက်ဦးဆောင် လျက်ရှိကြောင်း  အိမ်ဖြူတော်ပြန်ကြားရေး အတွင်းဝန် ဆာရာဟက်ကာ ဘီဆန်းဒါးက နိုဝင်ဘာ ၃ဝ ရက်တွင်ပြောသည်။

ဆန်းဒါး၏ ပြောဆိုချက်သည် တေလာဆန်ကို နိုင်ငံခြားရေး ဝန်ကြီးရာထူးမှ ဖယ်ရှားရန် သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေသည်ဟု အမေရိကန် သတင်းဌာနများက အစောပိုင်း တွင် ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တေလာဆန်နှင့် သမ္မတထရမ့် တို့အကြား ဆက်ဆံရေး တင်းမာနေပြီး ထရမ့်က တေလာဆန်ကို  လာမည့် ရက်အနည်းငယ်အတွင်း ရာထူးမှ ဖယ်ရှားဖွယ် ရှိသည်ဟု အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍  The New York Times သတင်းစာကြီးက ဖော်ပြခြင်း ဖြစ်သည်။ တေလာဆန်၏ နေရာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်ခံရဖွယ် ရှိသူမှာ  လက်ရှိ CIA ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုဖြစ်နိုင် ဖွယ်ရှိသည်ဟု အမေရိကန် မီဒီယာများက ဖော်ပြထားကြောင်း သိရသည်။

အသက် ၆၅ နှစ်ရှိ တက္ကဆက်ပြည်နယ် ဖွား တေလာဆန်သည် မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး  စွမ်းအင်ကဏ္ဍတွင် ၁၉၇၅ ခုနှစ်မှစ၍ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း အမှုဆောင် အရာရှိချုပ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြောင်း သိရသည်။

Ref: Xinhua

Read 212 times Last modified on Saturday, 02 December 2017 08:57