SJ WorldNews - шаблон joomla Авто

ဆော်ဒီအာရေဗျသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ဥရောပ သမဂ္ဂ လွှတ်တော်အမတ်များ ထောက်ခံ

Saturday, 02 December 2017 08:57 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ   ဒီဇင်ဘာ  

ယီမင်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗျ နိုင်ငံသို့ လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ရန်  ဥရောပ သမဂ္ဂ လွှတ်တော်အမတ်များက ထောက်ခံလိုက်သည်။

မဲခွဲ ဆုံးဖြတ်ခြင်းကို  နိုဝင်ဘာ ၃ဝ ရက်တွင်  ပြုလုပ်ခြင်းဖြစ်ပြီး  ဆော်ဒီအာရေဗျ အပေါ်  လက်နက်ရောင်းချမှု ပိတ်ပင်ရေး အဆိုကို ထောက်ခံမဲ ၅၃၉ မဲ၊  ကန့်ကွက်မဲ၁၃ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့ပြင်  ဥရောပ နိုင်ငံများက  သမဂ္ဂ၏ လက်နက်တင်ပို့ရောင်းချမှု ထိန်းချုပ်ရေး စည်းမျဉ်းများကို ဖောက်ဖျက်နေခြင်းအပေါ် လွှတ်တော် အမတ်များက   ပြစ်တင် ဝေဖန်ခဲ့ကြောင်း သိရသည်။

ယီမင်နိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် အရပ်သားများနှင့်   အရပ်ဘက် အခြေခံ အဆောက်အအုံများအပေါ် တိုက်ခိုက်နေခြင်းကိုလည်း ရှုတ်ချကြောင်း ဥရောပ လွှတ်တော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ဆော်ဒီအာရေဗျက နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို ချိုးဖောက်နေသောကြောင့် ယင်းနိုင်ငံသို့  လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရန်  ဥရောပ သမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ  ဖက်ဒရီကာမော့ဂါရီနီအား ဥရောပ သမဂ္ဂ လွှတ်တော်အမတ်များက  ယခုနှစ်  ဖေဖော်ဝါရီလအတွင်း တောင်းဆိုကြောင်း သိရသည်။

သို့သော်  အင်အားကြီး အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် ၂ဝ၁၅ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျသို့ လက်နက်တင်ပို့ ရောင်းချရန် သဘောတူထားသည်။ ပြင်သစ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်း ဆော်ဒီအာရေဗျသို့ ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ လက်နက်များ တင်ပို့ရောင်းချ ခွင့်ကို သဘောတူ ထားသည်။    အလားတူ အမေရိကန်ပြည်ထောင်စုက  ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဆော်ဒီအာရေဗျသို့  ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ လက်နက်ခဲယမ်းများကို ရောင်းချခဲ့ပြီး ဗြိတိန်က ဒေါ်လာ ၄ ဘီလီယံခန့် တန်ဖိုးရှိ လက်နက်များကို ပေးပို့ ထားကြောင်း သိရသည်။

ဆော်ဒီအာရေဗျက  ယီမင်အပေါ်  လေကြောင်းမှ တိုက်ခိုက်သည့် ၂ဝ၁၅ ခုနှစ်စ၍ ယီမင်နိုင်ငံအတွင်း   သေဆုံးသူ ဦးရေမှာ ၁၂ဝဝဝ ကျော်အထိ ရှိလာပြီ ဖြစ်သည်။

Ref: Press TV

Read 191 times Last modified on Saturday, 02 December 2017 08:58