SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မိုးမျှော်တိုက် တစ်လုံး၌ မီးလောင်မှု ဖြစ်ပွား၊ ၁ဝ ဦး သေဆုံး

Saturday, 02 December 2017 08:58 font size decrease font size decrease font size increase font size increase font size

ပေကျင်း   ဒီဇင်ဘာ 

တရုတ်နိုင်ငံမြောက်ပိုင်း   ထျန်ကျင်းဆိပ် ကမ်းမြို့ရှိ မိုးမျှော်တိုက် တစ်လုံး၌ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားရာ ၁ဝ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိကြောင်း နိုင်ငံပိုင်    သတင်းဌာန တစ်ခုက  ဖော်ပြသည်။

မီးလောင်မှုသည် နံနက် ၄ နာရီဝန်းကျင်တွင် ၃၈ လွှာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း  Xinhua သတင်းဌာနက ပြောသည်။ အဆိုပါ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းနှင့်     ကနဦး သတင်းများအရ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။

မီးလောင်မှုကြောင့်   သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ဆောက်လုပ်ရေး လုပ်သားများ ပါဝင်ကြောင်း  CCTV ရုပ်သံက ဖော်ပြသည်။ ပေကျင်းမြို့ တောင်ပိုင်း၌ ပြီးခဲ့သည့် လတွင် မီးလောင်ကျွမ်းမှုကြောင့် ၁၉ ဦးသေဆုံးပြီးနောက် မီးဘေး လုံခြုံရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့သည်။

ဒီဇင်ဘာ    ရက်တွင် ဖြစ်ပွားသော မီးလောင်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မီးဘေးလုံခြုံရေး စစ်ဆေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထျန်ကျင်းပါတီမှ အတွင်းရေးမှူး လီဟောင်ကျောင်က ပြောသည် ဟု   Tianjin   နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

Ref: Reuters

Read 196 times Last modified on Saturday, 02 December 2017 08:59