SJ WorldNews - шаблон joomla Авто

နယ်စပ်ဒေသ လုံခြုံရေး တောင့်တင်း ခိုင်မာစေရန် အိန္ဒိယက စမတ်နည်းပညာ အသုံးပြုမည်

Saturday, 02 December 2017 08:59 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ      ဒီဇင်ဘာ     

အိန္ဒိယနယ်စပ် လုံခြုံရေး တပ်ဖွဲ့သည် နိုင်ငံ၏ နယ်စပ်ဒေသ လုံခြုံရေး တောင့်တင်း ခိုင်မာစေရန် စမတ် နည်းပညာကို အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုများနှင့် နိုင်ငံအတွင်းသို့ ခိုးဝင်မှုများကို တားဆီးနိုင်ရန် စမတ်အာရုံခံ ကိရိယာများကို  နိုင်ငံမြောက်ပိုင်းရှိ ဂျမူးနှင့် ကက်ရှမီးယားနယ်စပ် တစ်လျှောက်တွင် တပ်ဆင်သွားမည် ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုများ မြင့်တက်လာပြီး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများကြောင့် အိန္ဒိယနယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ  ညွှန်ကြားရေးမှူးချုပ် ကေကေရှာမာက ပြောသည်။

နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် စစ်သွေးကြွများက ကက်ရှမီးယား တောင်ကြားအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းအပေါ် အာဏာပိုင်များက စိုးရိမ်မကင်း ဖြစ်လျက်ရှိပြီး တာဝန်ကျနေစဉ် ဂရုစိုက်ကြရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ၄င်းတို့၏ ဖုန်းများကို သတိဝီရိယဖြင့် အသုံးပြုကြရန် တိုက်တွန်းထားကြောင်း ရှာမာက သတိပေးထားသည်။ နယ်စပ်ဒေသ တစ်လျှောက်တွင် စမတ်အာရုံခံ ကိရိယာများ အသုံးပြု ကာရံခြင်းကို ၂ဝ၁၈ခုနှစ် မတ်လခန့်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ref: Sputnik

Read 236 times Last modified on Saturday, 02 December 2017 09:01