SJ WorldNews - шаблон joomla Авто

ပါကစ္စတန် စိုက်ပျိုးရေး ကောလိပ်၌ ရုပ်ဖျက်ထားသော တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် ကိုးဦး သေဆုံး

Saturday, 02 December 2017 10:32 font size decrease font size decrease font size increase font size increase font size

ပက်ရှဝါ   ဒီဇင်ဘာ  

ရုပ်ဖျက်ထားသည့် တာလီဘန်သေနတ် သမားများသည် ဒီဇင်ဘာ ၁ ရက်တွင် ပါကစ္စတန် စိုက်ပျိုးရေး ကောလိပ်  ပရိဝုဏ်အတွင်း တိုက်ခိုက်မှု ပြုလုပ်ရာ အနည်းဆုံး ကိုးဦးသေ ဆုံးပြီး ၃၅ ဦးဒဏ်ရာ ရရှိကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံမှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ဝင်များ ရောက်ရှိ လာကြောင်းနှင့် နှစ်နာရီအကြာ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွများကို ချေမှုန်းလိုက်နိုင်ကြောင်း စစ်ဘက် သတင်းဌာန တစ်ခုက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုသည် ၄င်းတို့လက်ချက် ဖြစ်သည်ဟု တာလီဘန် စစ်သွေးကြွ အဖွဲ့က အခိုင်အမာ ပြောဆိုထားကြောင်းနှင့် ၄င်းတို့ သည်    စစ်ဘက်၏ လုံခြုံစိတ်ချရသော ထောက်လှမ်းရေး အေဂျင်စီကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း   ပြောရေး ဆိုခွင့်ရှိသူ   မိုဟမ်မက်ခိုရာဘာနီက ပြောသည်။

စိုက်ပျိုးရေး ကောလိပ်၏ ပရိဝုဏ်အတွင်း သို့ သုံးဘီးတစ်စီးဖြင့် ဝင်ရောက်လာသည့် သေနတ်သမားများသည် မူဆလင် အမျိုးသမီး များဝတ်ဆင်သည့်  ဘူခါကို ခြုံကာ ရုပ်ဖျက်ထားခြင်း ဖြစ်ကြောင်း ပက်ရှဝါမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ တာဟာခန်က ပြောသည်။

ထို့ပြင် သေနတ်သမားများသည် ပရိဝုဏ် အတွင်းသို့ မဝင်ရောက်မီ ၄င်းတို့၏ ပစ်ခတ် မှုကြောင့် လုံခြုံရေး အစောင့်တစ်ဦး ဒဏ်ရာ ရရှိကြောင်း တာဟာခန်က ဆက်ပြောသည်။

ပုံမှန်အားဖြင့် ကျောင်းသား ၄ဝဝ နီးပါး ရှိသည့် ၄င်း တက္ကသိုလ် လူနေဆောင်၌ အများ စုမှာ ကျောင်းပိတ်ရက် အတွင်း အိမ်ပြန်သွား နေခြင်းကြောင့် ကျောင်းသား ၁၂ဝ ခန့်သာ ကျန်ရှိကြောင်းနှင့် ယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူ တစ်ဦးက Reuters သတင်းဌာန သို့ ပြောသည်။

Ref: Reuters

Read 373 times Last modified on Saturday, 02 December 2017 10:39